ရန်ကုန်၊ သြဂုတ် ၁၃
သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် အတုပြုလုပ်သူများအား အသွင်ယူစုံစမ်းဖော် ထုတ်ခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။
အတုပြုလုပ်ခြင်းကို တွေ့ရှိပါက ပြုလုပ်သူနှင့် ကိုင်ဆောင်သူနှစ်ဦးလုံး အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အသွင်ယူပြီးတော့ စုံစမ်းဖော်ထုတ်စစ်ဆေးဖို့ လုပ်နေပါတယ်။ ကျွန်တော့်ဆီ လည်းမိတာပဲ။ ကွင်းဆက်တွေနဲ့ လိုက်တာ။ လှိုင်သာယာထဲ ဒီလိုပဲ ကုန်သွားပြီလားဆို ပြည်သူတစ်ဦးချင်း အသိပညာအပေါ် မူတည်တယ်။ ရုံးတွေမသွားဘဲ လိုင်းပေါ်ကဟာ သွားလုပ်နေရင် အွန်လိုင်းမှာ ကျားဖျန့် တွေ့မှာပါပဲ"ဟု မြောက်ဒဂုံမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
လက်ရှိမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် UID နံပါတ်များကို အတုအပပြုလုပ်၍ မသိနားမလည်သူများအပေါ် အခွင့်ကောင်းယူပြီး အခကြေးငွေရယူ ဆောင်ရွက်ပေးနေရသူများရှိသလို Account အမျိုးမျိုး၊ ဆက်သွယ်ရေး တယ်လီဖုန်းနံပါတ် အမျိုးမျိုးနှင့် တရားမဝင် ကြော်ငြာများ Online မှ မဟုတ်မမှန် ဖော်ပြ ဆောင်ရွက်နေခြင်းများကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
သို့ဖြစ်ရာ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု မဖြစ်စေရန်အတွက် ပြုလုပ်မည့်သူများအနေဖြင့် အွန်လိုင်းပေါ်မှတစ် ဆင့်မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် တိုက်ရိုက်လာရောက်ပြု လုပ်သင့်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အကြံပြုပြောပါသည်။
အများပြည်သူအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများသို့ ဆက်သွယ်ဆောင်ရွက်ကြပါရန်နှင့် ပွဲစားများဖြင့်ဆောင်ရွက်ခြင်း၊ အတုအပ ကိုင်ဆောင်အသုံးပြုခြင်း မပြုကြပါရန်လိုကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိ စစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာ ရင်းနှင့် UID များကို အတုအပပြုလုပ်ခြင်း၊ လက်ဝယ်ကိုင်ဆောင် အသုံးပြုသည့် သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်ခြင်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ပြောကြားထားချက်များအရ သိရှိရသည်။ Phyu