နိုင်ငံတော် အစိုးရမှ မကြာမီ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား စိစစ်ဆောင်ရွက်ပေးသွားမည်ဟု ကျိုင်းတုံရှိ"ဝ" ဆက်ဆံရေးရုံးမှ ဦးအားမီက အတည်ပြုပြောသည်။

မြန်မာနိုင်ငံသား အဖြစ်အသိအမှတ်ပြုရန် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)မှာ အဓိကဖြစ်သည့်အတွက် ဒေသခံများအတွက် များစွာအရေးကြီးသည်ဟုဆိုသည်။ "မကြာခင် လုပ်ပေးမယ်ပြောထားတယ်။ အဓိက က မှတ်ပုံတင် ရှိမှ သွားလိုလာလိုရမှာ လူသားတိုင်းမှတ်ပုံတင်ရှိ မှ အဆင်ပြေမှာကို။ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာလည်း ရှိမှ အဆင်ပြေမှာ"ဟု ဦးအားမီကပြောသည်။