ရန်ကုန်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြိုရဲ့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲမပြုလုပ်မီ နေ့လွှတ်အရုပ်မီးပုံးပျံ လွှတ်တင်ယှဉ်ပြိုင်မှုတွေကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းက တောင်ကြီးမြို၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းမှာ စတင်ဆောင်ရွက်ခဲ့ကြတယ်လို သိရပါတယ်။
အဲဒီ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဒီနှစ်မှာ ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက် များပြားနေတာကြောင့် နေ့လွှတ်အရုပ်မီးပုံးပျံတွေကို ဒီကနေ့ကနေစပြီး အောက်တိုဘာ ၄ ရက်နေ့အထိ လွှတ်တင် ယှဥ်ပြိုင်သွားကြမှာလို ဆိုပါတယ်။
ယခုနှစ်မှာ တစ်နေ့ကို အရုပ်အုပ်စုမီးပုံးပျံ ၁၀ လုံးနဲ့ ညမီးကြီးအပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၇၀ ကျော်အထိ လွှတ်တင်နိုင်ဖို စီစဉ်ထားတယ်လို သိရပြီး ပွဲတော်ကာလ ယာဉ်ကြောပိတ်ဆိုမှုပြဿနာတွေကို လျှော့ချနိုင်ဖိုအတွက် အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်အတွင်း ညနေ ၄ နာရီကနေ နောက်တစ်နေ့ မနက် ၄ နာရီအထိ ကုန်တင်ကားနဲ့ တွဲကားတွေ သွားလာခွင့်ကို ယာယီပိတ်ထားမယ်လိုလည်း သိရပါတယ်။