၂၀၂၃ စက်တင်ဘာ ၇
တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC)မှ "မိုခါ"မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ယွမ် ၁ သိန်းတန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ထူထောင်ရေးပစ္စည်းများပေးအပ်လှူဒါန်းခြင်းအား စက်တင်ဘာ ၆ ရက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC)၌ ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်၍ လက်ခံရယူခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးယာယီတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် Yunnan Commercial Representative Office ညွှန်ကြားရေးမှူး Mr. Gao Wei တို့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးယာယီတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် Yunnan Commercial Representative Office ညွှန်ကြားရေးမှူးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ယူနန်ပြည်နယ် YNPAFFC မှလှူဒါန်းသည့် ယွမ် ၁ သိန်းတန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်းများအား တပ်မတော်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေယာဉ်၊လေယာဉ်များဖြင့်စစ်တွေမြို့သို့ အမြန်ဆုံးပို့ဆောင်ပေးသွားမည်ဖြစ်ပြီး စစ်တွေမြို့မှတစ်ဆင့် ဘေးသင့်ဒေသမြို့နယ်များအထိ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။