အစ္စရေး-အီရန် စစ်ပွဲ

၂၀၂၅ ၊ ဇွန် ၂၇


ပြတ်သားတဲ့ Torpedo Democracy
    ဇွန် ၁၃ ရက်မှာ အစ္စရေးက အီရန်နိုင်ငံ  Natanz / Fahow  အရပ်ဒေသမှာရှိတဲ့ မြေအောက်ယူ ရေနီယံသန့်စင်ရေး စက်ရုံတွေကို အလစ်အငိုက်ယူပြီး တိုက်ခိုက်လိုက်ပါတယ်။ အစ္စရေးရဲ့ အကြောင်းပြချက်ကတော့ Begin Doctrine အရ "No Enemy Nuclear Threshold weapon allowed to Emerge"ဆိုတဲ့မူအရ အီရန် ဟာ U235 - 60% Weapons Grade Uranium ကို သန့်စင်နိုင်ပြီဖြစ်လို့ အန္တရာယ်ရှိလာတဲ့အတွက် သန့်စင်စက် Centrifuge and Enrichment Facilities တွေကို Pre Emptive Strike လက်ဦးမှုယူ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့  သံတမန်နည်းလမ်းအရ US-lran နျူကလီးယားဆွေးနွေး ပွဲပျက်သွားအောင် Torpedo Diplomacy နည်းလမ်းသုံး လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလေကြောင်းတိုက် ခိုက်မှုတွေဟာ သန့်စင်ရုံတွေ အကုန်မပျက်စီး နိုင်မှန်းလည်း သိပေမယ့် တစ်ချိန်တည်းမှာ အစ္စရေးက အီရန်ရဲ့ Proxy ဟစ်ဇ်ဘိုလာကို သတိပေးလိုက် သလို လုပ်စရာရှိရင်လည်း ပြတ်ပြတ်သားသား လုပ်မယ်ဆိုတာ သက်သေပြလိုက်နိုင်တဲ့ အမြတ်တော့ ရနိုင်ပါတယ်။

ဂျော်ဒန်မြစ်ကမ်းပါးပြိုလို့ ဝပ်စ္စကွန်ဆင်က နွားမပေါင်ကျိုးပြီလား
    အစ္စရေးက စစ်ဗိုလ်ဟောင်း ဝန်ကြီးချုပ်ကြီး စစ်ရေးအမြင်နဲ့ မပြောမဆို စစ်ထတိုက်လိုက်တာ အမေရိကန်က ဘီလီယံနာ သမ္မတကြီး သူ့ပယောဂ မပါပါဘူးလို့ သတင်းလွှင့်ခဲ့ပါတယ်။ ထရမ့်ဟာ စိတ်ချလက်ချ LA က ဆန္ဒပြပွဲတွေကိုထားခဲ့ပြီး G7 အစည်းအဝေးကို ထွက်သွားလိုက်တာ ခုတော့ အစည်းအဝေးတောင်ဆုံးအောင် ဟန်မဆောင်နိုင်တော့ဘဲ ဝါရှင်တန်ကို ပြန်ပြေးရပါတော့တ ယ်။ ဒီတစ်ပွဲက ပွဲအတော်ကြမ်းကြတာ ရှိသမျှအဆင့်မြင့် ဒရုန်းတွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထုတ်စမ်းခွင့်ရတဲ့အခါမို့ လက်နက်ကုန်သည်ကြီးတွေအတွက် Testing Ground အခါကောင်းပဲ ဖြစ်ပါတယ်။ အီရန်က Shahed 136 ဒရုန်းလောက်တောင် တစ်စင်းကို $ 40K ပေးရပါတယ်။ Mohajer 10 ဆိုရင် $ 500 K  လောက် ပေးရပါတယ်။
    ခုထိတော့ လူအသေအပျောက် မများသေးပေမယ့် ထရမ့်က ကနေဒါက မပြန်ခင် တီဟီရန်မြို့ခံတွေကိုရှောင်ဖို့ သတိပေးတော့ 'ဘာသဘောပါလိမ့်'လို့ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒီတော့ 'စစ်မဖြစ်ရေး' သံကုန်ဟစ် ပြီးတက်လာတဲ့ ထရမ့် ဆရာမှန်း၊ တပည့်မှန်း ခွဲမရတဲ့ အစ္စရေးကိစ္စကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြရအောင်ပါ။

US ဟာ တကယ်ဘက်မလိုက်ဘဲ ရပ်တည်နိုင်မလား
    ဥပဒေကြောင်းအရ ပြောကြေးဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အလွန်ခဲယဉ်း ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နဲ့အစ္စရေးဟာ ရှေးပဝေသဏီကတည်းက စစ်ရေး၊ လုံခြုံရေးကိစ္စတွေမှာ သဘောတူ ပူးပေါင်းဆောင်ရွက်ရမည့် စာချုပ်တွေ ရှိနေတာရယ်၊ ပထဝီနိုင်ငံရေး အရလည်း မကင်းနိုင်တာတွေ ရှိနေတာကြောင့်ပါ။ နောက်တစ်ချက်က အမေရိကန်စစ်စခန်းတွေက ဘာရိန်း၊ ကာတာ၊ UAE တို့မှာရှိနေတာ။ CENTCOM ကလည်း ရှိနေတော့ သံခင်းတမန်ခင်း ပျက်ပြယ်ခဲ့ရင် ကြားဝင်လာနိုင်ပါတယ်။ အီရန်က အစ္စရေးနဲ့ US မခွဲခြားတော့ဘဲ တိုက်ခိုက်လာခဲ့ရင် သူလည်းပါလာ နိုင်ပါတယ်။ နောက်တစ်ချက်က အမေရိကန်နိုင်ငံရေးလောကမှာ 'ဂျူးလူမျိုးနဲ့ Evalen-galist Church"ရဲ့ လွှမ်းမိုးမှုအများကြီး ရှိတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ပြန်ကြည့်ရင်လည်း ၁၉၉၀/၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ့ US ဟာ အစ္စရေးကို စစ်ထဲဆွဲမသွင်းခဲ့ပါဘူး။ ၂၀၀၇ အီရန် နျူစက်ရုံ တွေကို အစ္စရေးက တိုက်တော့လည်း US က ဝင်မပါခဲ့ပါဘူး။ ဆီးရီးယား၊ လက်ဘနွန် စစ်ဖြစ်တော့ ကြားနေသလိုနဲ့ အစ္စရေးဘက်ကို ကူညီခဲ့တဲ့ သမိုင်းကြောင်းတွေရှိတော့ ပါးစပ်ကပြောတာပဲ ရှိပါတယ်။ လက်တွေ့မှာ မနေခဲ့ပါဘူး။

လက်ရှိဖြစ်စဉ်နဲ့ MAGA အယူဝါဒစွဲ
    ထရမ့်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ 'Make America Great Again'  ဆိုတဲ့ အမေရိကန်အတ္တကို ဗဟို ပြုတဲ့ အယူဝါဒနဲ့ သမ္မတရာထူး ပြန်ရခဲ့တာ ဖြစ်ပါတယ်။ သူ့သဘောကတော့ Globalists Talks  but Trump Acts ဆိုတဲ့ 'အမေရိကန်အကျိုး ရှေ့တန်းအမြဲထား' အယူဝါဒကို ကျင့်သုံးတယ်။ အပြောမဟုတ် အလုပ်နဲ့ ပြတယ်ဆိုတာမျိုး ရုပ်လုံးပေါ်အောင် လတ်တလော G7 မှာ ဥရောပ အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ အစည်းအ ဝေးထိုင်ပြီး သူတို့ကို မျက်နှာလုပ် Appeasing Europe နေတာထက် ပြည်တော်ပြန် အမေရိကန်အကျိုး ဆောင်တာက Real Politic ဆိုတာမျိုး ပါးပါးနပ်နပ်နဲ့ NSC Meeting ကိုပါခေါ်ရင်း နိုင်ငံရေးအညွန့်ကို ခူးပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်က Pro Israel Alignment နဲ့အတူ Evangelical ဘာသာအတွက် အထောက်အကူလည်း ဖြစ်စေပါတယ်။ နောက်တစ်ချက်ကတော့ မဟာဗျူဟာအရ အစ္စရေးနဲ့ အတူ အီရန်ရဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်တယ်၊ အစွန်းရောက်အစိုးရ Radical Regimes တွေကို အမေရိကန်က အမြဲ ဆန့်ကျင်တယ်ဆိုတာလည်း ပြပြီးသား ဖြစ်ပါတယ်။ Mid Term Elections တွေအတွက် ထရမ့်ရဲ့ (Domestic Political Weapon) ပြည်တွင်းနိုင်ငံရေးလက် နက်ကိုလည်း သုံးပြီးသား ဖြစ်သွားပါတယ်။ MAGA အတွက် ပြယုဂ်တစ်ခုကတော့ ဒီမိုကရက်တွေ ပျော့လို့ နေရာတကာမှာ ဗရုတ်သုက္ခ ဖြစ်ရတာမို့ ရီပတ်ပလစ်ကန် ကတော့ ခပ်မာမာပဲဆိုတာ ပြချင်တာလည်း ပါပါတယ်။

စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ သဘောထား
ဒီပွဲမှာတော့ အမေရိကန်က Fuel Tankers လေယာဉ်တွေက အစ္စရေးလေယာဉ်တွေကို Mid Air Refuelling လုပ်ပေးတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာရှိပေမယ့် ဘာမှ တခြားသတင်းတွေ ထွက်တာမတွေ့ပါ ဘူး။ အစ္စရေးက အီရန်ရဲ့ Nuclear Refining Facility တွေကိုသာ တိုက်ခိုက်တာ ကျန်တဲ့ အီရန်ရဲ့ ရေနံသိုလှောင်ကန်တွေ၊ နျူဓာတ်ပေါင်းဖိုတွေကို မတိုက်ခိုက်ဘူးလို့ မူလကတည်းက ကြေညာထားပါတယ်။ US ကလည်း အရှေ့အလယ်ပိုင်းက သူ့စစ်စခန်းတွေကို ကာကွယ်ဖို့ THADD Terminal High Altitude  Area Defence System ဒုံခွင်းစနစ်လက်နက်တွေသာပေးပို့ တပ်ဆင်ထားကြောင်းနဲ့ တိုက်ခိုက်ဖို့လက်နက် (Offensive Wea-pons) တွေ မပေးပို့ထားကြောင်း ပြောပါတယ်။ စစ်မဖြစ်ရအောင် အဟန့်အတားအနေနဲ့ အထက်လွှတ် တော် အမတ်နှစ်ဦးဖြစ်တဲ့ Bernie Sanders နဲ့ Tim Kaine တို့ကလည်း သမ္မတရဲ့ စစ်ပြုနိုင်တဲ့အာဏာ (War Powers Act) အရ ထိန်းချုပ်နိုင်ဖို့ အီရန်ကို သမ္မတက လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ စစ်မပြုနိုင်ရန် ဥပဒေများ တင်သွင်း ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါဆိုရင် အမေရိကန်ဟာ စစ်ထဲကို ဘယ်လို ပါသွားနိုင် သလဲလို့ ကြည့်လိုက်ရင် အကယ်၍သာ အီရန်က အမေရိကန်ရဲ့အကျိုးစီးပွားတွေဖြစ်တဲ့ စစ်စခန်းတွေ၊ သံရုံးတွေကို တိုက်ခိုက်လာရင် သမ္မတဟာ လွှတ်တော်ရဲ့ ကြိုတင်ခွင့်ပြုချက်မပါဘဲ တုံ့ ပြန်နိုင်တယ်။ (ဒီအခြေအနေဟာ US စစ်ထဲကိုပါဝင်သွား မည့်အချိန်ဖြစ်ပါတယ်)။ US ဟာ အစ္စရေးနဲ့ ချုပ်ဆိုထားတဲ့ ကာကွယ်ရေး သဘောတူညီချက်အရ။ အစ္စရေးက သူတစ်ယောက်တည်း မစွမ်းဆောင်နိုင်လို့ အီရန်ရဲ့အ တွင်းအကျဆုံး ပစ်မှတ်တွေကို တိုက်လိုက်ချိန်မှာ သူ့လေယာဉ်တွေအတွက် Aerial Refuelling Tankers တွေ တောင်းခံလာခဲ့ရင်၊ ထောက်လှမ်းရေး သတင်းတွေ တောင်းခံလာခဲ့ရင်၊ ပစ်မှတ်ကို အတိအကျမှန်အောင် ပစ်နိုင်တဲ့နည်းပညာနဲ့ လက်နက်ကိရိယာတွေတောင်းခံလာခဲ့ရင် US ဟာ စစ်ထဲကို ပါဝင်သွားနိုင်ပါ တယ်။
    ခြုံကြည့်လိုက်ရင်တော့ အစ္စရေးဟာ သူ့သဘောနဲ့သူ အီရန်ရဲ့ နျူကလီးယားပစ်မှတ်တွေကို တိုက်ခိုက်နိုင်ခွင့်ရှိပါတယ်။ အမေရိကန်ဆီက ခွင့်တောင်းနေ စရာမလိုပါဘူး။ အမေရိကန်က သူ့စခန်းတွေကို ကာကွယ်ဖို့လုပ်တာ (Defensive Posturing) အစ္စရေးတပ် မတော်ကို (Offensive Operations) အတွက် အင်အားဖြည့်ပေးတာ မဟုတ်ပါဘူး။ အမေရိကန်လွှတ်တော်မှာ ဥပဒေတွေ ပြုနေတာဟာ အမေရိကန် အစိုးရဟာ ကိုယ့် သဘောနဲ့ကိုယ် လွှတ်တော်ခွင့်ပြုချက်မပါဘဲ စစ်မပြုနိုင်အောင် ပြည်တွင်းမှာ တရားဝင် စိစစ်တင်းကျပ်ခြင်း (Domestic Scruntiny) ဖြစ်ပါတယ်။ စစ်ထဲကိုဝင်ရအောင် ဖြစ်သွားနိုင်တာ (Trigger) ကတော့ အမေရိကန်အကျိုး စီးပွားကို တိုက်ရိုက်ထိပါးလာရင် (သို့) အစ္စရေးကစစ်ထဲ ပါဖို့ တိုက်တွန်း လာရင်တော့ စစ်ဝင်တိုက်ရတော့မှာ ဖြစ်ပါတယ်။

စစ်ပွဲအခြေအနေ
    ဇွန် ၂၀ ရက်အထိတော့ အစ္စရေးက အီရန်ရဲ့ အရေးကြီးပစ်မှတ်ဖြစ်တဲ့ (Organisation of Defence  lnnovation and Research, Khondab Heavy Water Plant) အီရန်ရုပ်မြင်သံကြား အပါအဝင် အီရန်ရဲ့ ဒုံးပစ်စင်နဲ့ ပတ်မှတ် ၂၀ လောက်ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အီရန်ကလည်း အစ္စရေးဘက်ကို ဒုံး ၆၅ စင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တဲလ်အဗစ်၊ ဟိုက်ဖာနဲ့ Beersheba မြို့များ ပျက်စီးခဲ့ကြောင်း၊ US သံရုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ Sejjil ဒုံးမှန်လို့ Sokora Hospital ပျက်စီးခဲ့ရကြောင်း၊ Cluster Bombs များ ဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ နှစ်ဖက်နိုင်ငံတွေဟာ နေ့စဉ်ရက် ဆက်ပစ်ခတ်နေတာ ဒုတိယရက်သတ္တပတ်ထဲ ရောက်လာပြီး အရပ်ဘက်ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဈေးတွေသာမက သံရုံးကိုပါ တိုက်ခိုက်လာ တဲ့အထိ စစ်ဘောင်ချဲ့ခဲ့ပါတယ်။


အီရန်ရဲ့ နျူသန့်စင်မှု လုပ်ဆောင်ချက်များ
    ၂၀၀၃ လောက်ကစပြီး အစ္စရေးထောက်လှမ်းရေး မော့ဆဒ်က အီရန်ရဲ့ နျူကလီးယား သန့်စင်မှု အစီအစဉ်နဲ့ပတ်သက်ပြီး စတင်ထောက်လှမ်းခဲ့ပါတယ်။ သို့သော်လည်း အသေအချာ အတည်မပြုနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၈ ဇန်နဝါရီ မှာတော့ တီဟီရန်မြို့အနီး Shorabad စက်မှုရပ်ကွက်က ကုန်လှောင်ရုံတစ်ခု သတင်းကိုရတာနဲ့ မော့ဆဒ်က သေသေသပ်သပ် ထောက်လှမ်းခဲ့ရာကစပြီး အီရန် ၂၀၀၃ ကစပြီး နျူစမ်းသပ်မှု Project Amad ရဲ့ မှတ်တမ်းဖိုင်တွေ၊ စီဒီဓာတ်ပြားတွေ (မီးခံသေတ္တာ ၂၃ လုံးနဲ့ အလေးချိန် တစ်တန်ခွဲလောက်)ကို အချိန်ခြောက်နာရီလောက်အတွင်းမှာ ဖောက်ထွင်းရရှိနိုင်ခဲ့ပါတယ်။ ဒါတွေကို အီရန်ကနေ အပြင်ကို အောင်မြင်စွာ ခိုးထုတ်နိုင်ခဲ့ပါတယ်။
    အဲဒီအချိန်က မော့ဆဒ်ရဲ့အကြီးအကဲကိုဟင်နဲ့ CIA Chief Leon Panetta  တို့က မိတ်ဆွေရင်းတွေဖြစ်တော့ အစ္စရေးက US သာမက IAEA ကိုပါ လက်ဆင့်ကမ်းလိုက်တော့ အီရန်ဟာ အကျပ်ရိုက်သွားခဲ့ပါတယ်။ ဒီသတင်းကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ၂၀၁၈ ဧပြီလမှာ ကမ္ဘာကို ဖွင့်ချလိုက်ပါတယ်။ အီရန်ဟာ လက်မလျှော့ဘဲ နျူသန့်စင်မှု (Enrichment)ကို ဆက်လုပ်ခဲ့သလို အစ္စရေး၊ US နဲ့ IAEA တို့ကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ အီရန်ဟာ Atom for Peace ဆိုတဲ့ အကြောင်းပြချက်နဲ့တော တောင်ထူထပ်တဲ့ Fordow ? Natanz နဲ့ Arak တို့မှာ Centrifuge သန့်စင်စက်တွေနဲ့ ဆက်လုပ်ပါတယ်။ US က အီရန်ကို ၂၀၁၅ JCPOA နျူကန့်သတ်ရေး ဆွေးနွေးပွဲတွေနဲ့ ထိန်းသော်လည်း မအောင်မြင်ခဲ့ပါဘူး။

အီရန်ဟာ နျူလက်နက် တကယ်ထုတ်နိုင်စွမ်း ရှိပြီလား
    ကနေ့ ပြဿနာဟာ အဏုမြူ သန့်စင်မှုကို ဆက်လုပ်နေတာ ရာခိုင်နှုန်း ၆၀ လောက်ရှိနေပြီ မကြာခင်မှာ ရာခိုင်နှုန်း ၉၀ ရောက်ရင် ဒုံးကျည် ထိပ်ဖူးမှာ ဆင်လိုက်ရင် Nuclear Warhead ဖြစ်လာမယ်။ အနည်းဆုံး ဒုံးကိုးစင်းလောက် လုပ်နိုင်အောင် ကြံစည်နေတယ်ဆိုပြီး အစ္စရေးကရော၊ US ကပါ စွပ်စွဲနေပါတယ်။ အီရန်ကတော့ တစ်ချက်မှမလျှော့ဘဲ ငြိမ်းချမ်းစွာ သုံးမှာပါ လို့သာ တဖွဖွအော်နေတာ သတိ ထားမိပါတယ်။ စောင့်ကြည့် အကဲခတ်နေသူတွေကလည်း လက်နက်မလုပ်ဘူးဆိုရင် ဘာကိစ္စ သန့်စင်နေစရာလိုသေးလဲ အစ္စရေးတို့ ပြောတာလည်း မှန်ပါတယ်။ ရာခိုင်နှုန်း ၆၀ မှာ ထိန်းရင်ထိန်း၊ မထိန်းရင်တော့ ကြာလေဆိုးလေ ဖြစ်မှာပါ။ ဒါပေမဲ့လည်း ယခုနှစ်မတ်လက US လွှတ်တော်ရဲ့ US lntelligence  Community Assessment ကြားနာမှုမှာ DNI (Direcctor of National lntelligence) Tolsi Gabbath က အီရန်ဟာ နျူလက်နက် ထုတ်နိုင်တဲ့ သန့်စင်ပြီး ယူရေနီယံ (Weapons Grade  Uranium) မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ ဒီလောက်တောင် နာမည်ကြီး (CIA/ DIA/FBI/DHS/NSA)စတဲ့ ထောက်လှမ်းရေး အေဂျင်စီကြီးတွေ စုစုပေါင်း ၁၈ ခုအကြီးအကဲရဲ့ တင်ပြချက်ကို ထရမ့်က 'မှားတယ်'လို့ ပြောလိုက်တာက ပြည်တွင်းပြည်ပ ဘယ် ထောက်လှမ်းရေးဌာနရဲ့ ထောက်ခံချက်ကို အခြေခံပြီး ကမ္ဘာကိုပြန်ပြောလိုက်သလဲဆိုတာ အသိရ အတော်ခက်သွားပါတယ်။

နောက်ဆုံး အခြေအနေ
    ထရမ့်ဟာ အီရန်အရေးက အနီးကပ်ကြီးကြပ် ဖို့လိုတာကြောင့် နောက်ဆုံးတော့ G7 အစည်း အဝေးကနေပြန်ခဲ့ပြီး NSC အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။ ဒီအစည်းအဝေးမတိုင်မီမှာ အစ္စရေးဝန်ကြီးချုပ်နဲ့လည်း လျှို့ဝှက်တိုင်ပင်ခဲ့ကြပြီး အီရန်ကို ဆွေးနွေးပွဲကိုလာဖို့နဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို နှစ်ပတ် အတွင်းထုတ်ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီကြားထဲမှာ သူ့ထောက်လှမ်းရေး မှူးချုပ်မှတ်ချက်ကို အမှားအနေနဲ့ယူရင်း (US CENT-COM Commander Gen Michael E Kurilla) အမေရိကန်ရဲ့ အလယ်ပိုင်း စစ်ဌာနချုပ်ကို ကြည်း/ရေ/လေ စစ်အင်အားဖြည့်ပြီး စစ်ပြင်ဆင်ခဲ့ပါတယ်။ ဇွန် ၂၂ ရက် အီရန်စံတော်ချိန် နံနက် ၃ နာရီမှာ Missouri ပြည်နယ် Whiteman လေတပ်စခန်းက B2 ဗုံးကြဲလေယာဉ်ကြီး ခုနစ်စင်းအပါအဝင် လေယာဉ်မျိုးစုံ တစ်ရာကျော် ပါဝင်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပါတယ်။ GBU 57 ဆိုတဲ့ ပေါင်သုံးသောင်းလေးတဲ့ မြေအောက်ဘန်ကာတွေကို ဖြိုဖျက်နိုင်တဲ့ ဗုံး ၁၄ လုံးအပြင်၊ ရေတပ်ရဲ့ Tomohawk ဒုံးကျည် နှစ်ဒါဇင်နဲ့ အီရန်ရဲ့ Fodow/ Natanz နဲ့ Isfahan နျူသန့်စင်စခန်းသုံးခုကို အလစ်အငိုက် ဝင်ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဘာတွေဆက်ဖြစ်လာမလဲ
    ထရမ့်ကတော့ ဒီလေကြောင်းတိုက်ပွဲအပြီးမှာ အီရန်ကို စားပွဲဝိုင်းကိုလာဖို့ ပြောနေပေမယ့် အီရန်ခေါင်းဆောင် ခါမေနီရဲ့ တုံ့ပြန်ချက်ကတော့ လာဦးမည့်ပုံမပေါ်ပါဘူး။ အရေးကြီးတာကတော့ အခုအထိ ဘာသာရေးအစွဲကိုလိုက်ပြီး အုပ်စုနှစ်စုက ပြင်းပြင်းထန်ထန် တုံ့ပြန်ချက်တွေ ထွက်လာတာ မတွေ့ရသေးပါဘူး။ ရုရှားနဲ့ တရုတ်ကလည်း သိပ်အလေးမထားဘဲ ဝတ်ကျေဝတ်ကုန်ပါပဲ။ MAGA အုပ်စုထဲ မှာတော့ လွှတ်တော်အမတ်အချို့က ထရမ့်နဲ့ သဘောထားကွဲလွဲတာတွေ ထွက်လာပါပြီ။ ကျန်နေသေး တာက နျူသန့်စင်စခန်းတွေ ပျက်စီးမှုကို (US JCS Gen  Dan Caine) က ချိန်ဆပြီး တိုက်ခိုက်မှုဟာ ထိရောက်ပါတယ်။ ဒါပေမဲ့ ပျက်စီးမှုအတိုင်းအဆကိုတော့ အချိန်ယူပြီးမှ ပြောလို့ရပါမယ်လို့ ပြောထား တာရယ်၊ အီရန်ကလည်း သူ့ကိုလာတိုက်မယ်ဆိုတာ သိနေရဲ့သားနဲ့ သန့်စင်ပြီးသား ယူရေနီယံကို အရံအတားအနေနဲ့ တခြားတစ်နေရာကို ရွှေ့မထားဘူးလို့ မပြောနိုင်သေးပါဘူး။ US အနေနဲ့ အခက်အ ခဲမျိုးစုံကြားက တိုက်ပွဲဝင်ခဲ့ပေမယ့် အီရန်ရဲ့ နျူလက်နက်ထုတ်နိုင်မှု စွမ်းပကားကို တကယ် ထိခိုက်မှု ရှိ၊ မရှိဆိုတာ စောင့်ကြည့်ရမှာပါ။

ဆယ့်နှစ်ရက်ကြာ စစ်ယာယီအပစ်ရပ်စဲရေး ထုတ်ပြန်ချက်
    ၂၀၂၅ ခုဇွန်လ ၂၄ ရက်မှာတော့ ဒီစစ်ပွဲကြီးဟာ ကြီးကျယ်လာပြီး အီရန်ဟာ ဒိုဟာက အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက အကြီးဆုံး AI Udeid လေတပ်စခန်းကို SRBM တွေနဲ့ တိုက်ခိုက်လိုက် ပါတယ်။ ထရမ့်လည်း တစ်စတစ်စကြီးကျယ်လာတော့မှာ မှန်းဆမိပုံရပါတယ်။ ဒီတော့ ထရမ့်လည်း ခယတောင်းပန်တဲ့ လေသံနဲ့ ဒုသမ္မတ JD Vance ၊ နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ အထူးသံတမန် Whitcoff တို့ကို တာဝန်ပေးပြီး (Twelve hrs two phased truce) ၁၂ နာရီအတွင်း အပစ်အခတ်ကို နှစ်ဆင့်နဲ့ ရပ်စဲကြဖို့ ကြားဝင်ရပါတော့တယ်။ ဒီအစီအစဉ်ကလည်း 'သူရပ်မှ ကိုယ်ရပ်မယ်' လုပ်နေတဲ့ ကြားက Qatar ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ထွက်လာတဲ့ နှစ်ဖက်သဘောတူ အစီအစဉ် ဖြစ်ပါတယ်။ Qatar နဲ့ UN ကပဲ နှစ်ဖက် လိုက်နာမှုကို စောင့်ကြည့်မလား မသိရသလို ဘာဖြစ်လာမလဲ ဘယ်လိုမှ ခန့်မှန်းလို့ မရပါဘူး။                                   
ဗညားအောင်

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ် ( 23 ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 21

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45874

© 2022 - 2025 News. All Rights Reserved.