ရန်ကုန် အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၁၄၁ / ၂၀၂၅ ) (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်) ရက်စွဲဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များကို သတ်မှတ်ကြေညာလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့ နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း ( ၂ ) ကို ၁၃၈၇ ခုနှစ်၊ ပြာသို လပြည့်ကျော် ၉ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ) တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ( ၁၀၀ ) မြို့နယ်အား တိုင်းဒေသကြီး၊ပြည်နယ်အလိုက် ပူးတွဲဖော်ပြထားသည်။ HM




