၂၀၂၂ ဒီဇင်ဘာ ၈
နိုင်ငံတဝှမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင်များ နှင့် မိသားစုဝင်များ သက်ရှည်၊ ကျန်းမာ၊ အောင်မြင်စွာဖြင့် နိုင်ငံ့တာဝန်နှင့် ပါတီတာဝန်များ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်ပြီး နေပြည်တော် နဂါးတစ်ထောင် (စမတောင်)တွင် ကိန်းဝပ်စံပယ်တော် မူသော “ လိုတရဆုတောင်းပြည့် သက်တော်ရှည် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ” အား ( ၅.၁၂.၂၀၂၂ )ရက် နံနက် ( ၉ ) နာရီချိန်မှာ ပါတီ ဌာနချုပ်သို့ ပင့်ဆောင်၍ (၂)ရက်တာ အပူဇော်ခံစေခဲ့ကြောင်းပါတီဥက္ကဌဦးခင်ရီက ၎င်း၏လူမှုကွန်ယက်မျက်နှာတွင်ရေးသားဖော်ပြထားသည်။
ထို့အပြင် နဂါးတစ်ထောင်ဆရာတော်ဘုရားကြီးကလည်း ရုံးများနှင့် ပါတီဝင်အိမ်ထောင်သည်နေအိမ်လိုင်းခန်းများကို လှည့်ပတ်၍ အန္တရာယ်ကင်းပရိတ်ရွတ်ဆိုခြင်း၊ ပရိတ်ရေပက်ဖျန်းခြင်း၊ မိသားစုများနှင့်တွေ့ဆုံ မေတ္တာပို့ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ သေဆုံးခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဒလန်ဟုစွပ်စွဲခံရသူ အရပ်သားများ၊ ပြည်ခိုင်ဖြိုးပါတီနှင့် နိုင်ငံရေး ပါတီအချို့မှပါတီဝင်များ စုစုပေါင်း ၄၀၃၇ ဦးရှိပြီး ၎င်းတို့တွင် ကလေးသူငယ် ၁၀၀ ကျော်ပါဝင်ကြောင်း ထုတ်ပြန်ထားမှုအရ အသိရသည်။