နေပြည်တော် ၊ အောက်တိုဘာ ၁၅
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟော ပြောမဲဆွယ်စည်းရုံးရမည့်ကာလကို အောက်တိုဘာ ၂၈ မှ ဒီဇင်ဘာ ၂၆ အထိ ရက်ပေါင်း ၆၀ သတ် မှတ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၁၃၄ /၂၀၂၅ ) ဖြင့် ယနေ့ ( အောက်တိုဘာလ ၁၅ ရက် ) ထုတ်ပြန်လိုက်သည်။ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ကြေညာချက်ကို UEC က ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများကလွှတ်တော်ရွေး ကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်အတည်ပြု ကြေညာထားသည့်နိုင်ငံရေးပါတီကိုယ်စားပြု မဲအများဆုံးရသူအနိုင်ယူစနစ် ကိုယ်စားလှယ်လောင်းများ၊ အချိုးကျကိုယ်စားပြုစနစ် ကိုယ်စားလှယ်လောင်းများ သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ် စားလှယ်လောင်းများသည် ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတမှုရှိစေရေးအတွက် သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၀-က နှင့် လွှတ်တော်ရွေး ကောက်ပွဲ နည်းဥပဒေ အခန်း(၁၀) တို့တွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည်လွတ်လပ်၍တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများဖြစ်စေရေးအ တွက်ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင် ရွက်ရန်ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် နေ့တွင်စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ( ၂၈ - ၁၀ - ၂၀၂၅ ရက်နေ့ နံနက် ၀၆၀၀ နာရီမှ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့ ည ၁၂၀၀ နာရီ အထိ )ခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ညီသစ်