လက်နက်ကိုင်လမ်းစဥ်ကို ဖက်တွယ်၍ မိမိတို့ ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေး ဖန်တီးလုပ်ဆောင်မှုများက ဒေသခံပြည်သူများကို ဖွံဖြိုးမှု နောက်ကျ​စေရန် ဆွဲချနေခြင်းဖြစ်"

နေပြည်တော် အောက်တိုဘာ ၁၅
  လက်နက်ကိုင်လမ်းစဥ်ကို ဖက်တွယ်၍ လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့ ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေး ဖန်တီးလုပ်ဆောင်မှုများက ဒေသခံပြည်သူများကို ဖွံ့ဖြိုးမှု နောက်ကျ​စေရန် ဆွဲချနေခြင်းဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ၊ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။ 
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I)၌ ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည် ။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို သမိုင်းဝင်စာချုပ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တို ဘာလ ၁၅ ရက်တွင်လက်မှတ် ရေးထိုးခဲ့ကြသည်။ 
ယနေ့ကျရောက်သည့် NCA(၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့်အတူ ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့ (အောက်တိုဘာလ ၁၅ ရက်)မှစတင်ကာ ၁၇ ရက်နေ့အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကဦးစီး၍ နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ကွန်းဈာန်

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

54288

© 2022 - 2025 News. All Rights Reserved.