အကြမ်းဖက် TNLA ကျောက်မဲမြို့ကို ခေတ္တစိုးမိုးခဲ့စဉ်က ဘဏ်တွေ‌ကိုဖောက်ပြီး ငွေတွေ ဖော‌ဖောသီသီ  သုံးဖြုန်းခဲ့ကြဟု ဒေသခံများပြော

နေပြည်တော်၊ အောက်တိုဘာ ၈ 
    အကြမ်းဖက် TNLA နှင့် DPLA ပူးပေါင်းအဖွဲ့များ ကျောက်မဲမြို့ကို ခေတ္တစိုးမိုးခဲ့စဉ်ကာလက ဘဏ်တွေ‌ကိုဖောက်ပြီး ငွေတွေ‌ဖော‌ဖောသီသီ သုံးဖြုန်းခဲ့ကြကြောင်း ယင်း‌မြို့ဒေသခံများက ပြောကြားခဲ့သည်။
    "သူတို့က ကျောက်မဲကို သိမ်းထားတယ်ဆိုတော့ ငွေအင်အား၊ ပစ္စည်း‌တွေက ဖောဖောသီသီ ရနေတာလေ။ ဘယ်ကရတာလဲဆိုရင် ဘဏ်တွေကရတာ။ သိရသလောက် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် အဲဒီဘဏ်တွေကနေ ပလောင်က ငွေတွေအကုန်ယူတာ။ နောက်ဆုံးဗျာ မြန်မာ့စီးပွားရေးဘဏ်မှာရှိတဲ့  အကြွေတွေကအစ ယူကြတာ။ အဲဒီလိုရထားတော့ တစ်သောင်းတန် အထပ်လိုက်ကိုင်သုံး တာ။ ကွမ်းယာဝယ်တာကအစ တစ်ထုပ်ဆိုရင် တစ်သောင်းတန် ပြန်မအမ်းနဲ့တော့၊ ခေါက်ဆွဲစားတယ် နှစ်ထောင်ကျတယ်ဆိုရင် ရော့တစ်သောင်းတန် ပြန်မအမ်းနဲ့တော့၊ အဲဒီလို မျိုးလုပ် တာ"ဟု ကျောက်မဲမြို့ခံ ဦးညီညီက ပြောပြသည်။
    TNLA နှင့် ပူးပေါင်းအဖွဲ့များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ခေတ္တစိုးမိုးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခေတ္တစိုးမိုးခဲ့စဉ် မြို့ပေါ်ရှိ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ အများပြည်သူ ယုံကြည်စွာ အပ်နှံထားသည့် ငွေများကို ခိုးယူခဲ့ကြ၍ ၎င်းတို့၏လက်ဖျား ငွေသီးနေပြီး ကျပ်တစ်သောင်းတန်များ အထပ်လိုက် သုံးဖြုန်းခဲ့ကြသည်ဟု မြင်တွေ့ခဲ့သူများက ပြန်လည်ပြောပြသည်။
    သို့သော် ထိုအခြေအနေမှာ တစ်နှစ်ပင်မကြာဘဲ သုံးလခန့် အတွင်းမှာပင်  TNLA နှင့် ပူးပေါင်းအဖွဲ့ များ၏လက်ထဲ ငွေပြတ်တောက်သွားခဲ့ကာ မြန်မာ့စီးပွားရေးဘဏ်များမှ ပင်စင်စားများအတွက် ထုတ် ပေးရန် စီစဉ်ထားသော ငွေအေ<ကများကို ထုတ်သုံးလာသည်ကို တွေ့ရကြောင်း ကျောက်မဲမြို့ခံ အမျိုးသမီးက ပြောသည်။
    "အရင်ကတော့ ပလောင်ရဲဘော်တွေကအစ တစ်သောင်းတန် အထပ်လိုက် အထပ်လိုက်ကိုင်တာ၊ နောက် သုံး၊ လေး လလောက်ကျတော့ သူတို့ ပိုက်ဆံပြတ်သွားပြီ။ သူတို့အရွက်ကြီးတွေ သုံးလို့ကုန်သွားတဲ့ အနေအထားပေါ့။ အဲဒီလို သုံးစရာမရှိတော့ တစ်ရာတန်၊ နှစ်ရာတန်တွေ၊ ကြွေတွေကို ထုတ်သုံးတော့တာပဲ။ ဆိုင်တွေကို ဒီအကြွေတွေကို မယူမနေရလဲ ခိုင်းပြီး တချို့ပိုက်ဆံတွေဆိုရင် မှိုတောင်တက်နေပြီ"ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။
    တပ်မတော်စစ်ကြောင်းများသည် TNLA နှင့် DPLA ၊ PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်များ တစ်နှစ်ကျော်ခန့် ခေတ္တစိုးမိုးခဲ့သည့် ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက် ညနေပိုင်းက  ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်က ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး နောက် မြို့ပေါ်ရှိ ဘဏ်များမှာ ဖောက်ထွင်းခံခဲ့ရသည့် အနေအထားဖြစ်ကြောင်း မြင်တွေ့ခဲ့ရသူများက ပြောဆိုနေကြသည်။ နဒီ

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53841

© 2022 - 2025 News. All Rights Reserved.