၂၀၂၅ ၊ မေ ၂၉
မေရိကန်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဒုက္ခရောက်အောင် လုပ်မယ်ဆိုတဲ့နေရာမှာ အလွန်ပြောင်မြောက်တယ်ဆိုတာဟာ စာမဖွဲ့နိုင်လောက်အောင်ပါပဲ။ သူတို့ပြောနေတဲ့ MAGA လှုပ်ရှားမှုကို ထဲထဲဝင်ဝင် ထောက်ခံနေတဲ့သူတွေက သူတို့ သမ္မတကြီး လုပ်ရပ်တွေဟာ မှန်တယ်၊ ကမ္ဘာကြီးကို ကြိုက်တဲ့အရပ်ကို လှည့်ပစ်နိုင်တယ်လို့ ခံယူထားကြပါတယ်။ ထရမ့်ဟာ သဘောတူညီမှုတစ်ခုရအောင် အပေးအယူလုပ်တဲ့ နေရာမှာ သူ့ကိုယ်သူ ဆရာကြီးအဆင့်က တစ်ချက်မှ မလျှော့ခဲ့ကြောင်း၊ ဒါပေမဲ့ တကယ့်လက်တွေ့ အဖြေထွက်လာရင် သူ့ပြိုင်ဘက်တွေဟာ သူ့နည်းကိုပဲ ပြန်သုံးပြီး US ဟာ ဘယ်တော့မှ အသာစီးမရခဲ့တာ တွေ့ရပါတယ်လို့ Mallen Baker က Youtube က သူ့ရုပ်သံလိုင်းမှာ ပြောသွားတာ တွေ့ရပါတယ်။
Baker က ဒါကို လက်ရှိ ထရမ့်နဲ့ ဖြစ်နေတဲ့ ကိစ္စလေးတချို့ကို ရွေးထုတ်ပြီးကြည့်ရင် အမေရိကန်တွေက သူတို့သမ္မတဟာ အပေးအယူလုပ်ရာမှာ အင်မတန် တော်တယ်လို့ ထင်နေပေမယ့် တကယ်အရေးကြီးတဲ့ ပဋိပက္ခဖြေရှင်းရာမှာ ထင်တိုင်းမပေါက်ဘဲ ထရမ့်လုပ်သမျှဟာ အန္တရာယ်ကြီးတာ တွေ့ ရကြောင်း ကနေ့ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေထဲက ထရမ့်အတွက် ပထမဆုံးပြဿနာက တိုင်း ပြည်တိုင်းဟာ သူ့ဟာနဲ့သူ မဟာဗျူဟာ အခင်းအကျင်းဆိုတာ ရှိပြီးသားဆိုတာ သူသတိထားမိပုံ မရကြောင်း၊ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံမှာ အဲဒီတိုင်းပြည်တွေက ခေါင်းဆောင်တွေဟာ ပါးနပ်ယုံသာမက၊ သံခင်းတမန်ခင်းတွေမှာလည်း ကျွမ်းကျင်တဲ့သူတွေကပါ ဝိုင်းဝန်း ဖေးမပေးကြ ကြောင်း၊ ကနေ့ကမ္ဘာကြီးမှာ လူတွေဟာ ကိစ္စရပ်တစ်ခုကို အသေအချာ အကဲခတ်လာကြပြီး ယထာဘူတကျကျ ထိတွေ့ဆက်ဆံလာကြပြီဖြစ်လို့ Effective Diplomacy လို့ပင် ဆိုရမှာဖြစ်ကြောင်း Baker က ကောက်ချက်ချပါတယ်။
ဒါပေမဲ ထရမ့်က သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲရုံသာမက အပေးအယူလုပ်ရာမှာ သူ့အထင်နဲ့ ဆန့်ကျင်ဘက် ထွက်ပေါ်လာတဲ့ ပဓာနကျတဲ့ ရလဒ်ကို လျစ်လျူရှုတတ်တဲ့ သဘောရှိကြောင်း၊ ဝါရင့်သံတမန်တွေရဲ့ အကြံဉာဏ်ကိုမယူဘဲ အနားမှာ လက်ညှိုးထောင်ခေါင်းညိတ်သမားတွေရဲ့ စကားကို နားထောင်ပြီး အရင် ရွေးကောက်ပွဲမှာ တကယ်တမ်း သူက မဲနိုင်တာတို့၊ သူဟာ အပေးအယူ လုပ်တဲ့နေရာမှာ အတော်ဆုံးဆိုတဲ့ သူ့အကြိုက်စကားတွေသာ ပြောတာတွေကိုယုံကြောင်း၊ အရေးကြီးတဲ့ကိစ္စတွေကို အကြောင်းအရာ တတ်သိနားလည်တဲ့သူတွေ၊ သက်ဆိုင်ရာတိုင်းပြည်ရဲ့ ခေါင်းဆောင်နဲ့ ရင်းနှီးသူတွေကို မသုံးဘဲ သူ့ရဲ့ရောင်းရင်း၊ ဂေါက်ရိုက် ဖက်ကို အခုသူ့ Trump 2.0 မှာ ဆွေးနွေးဖို့ လွှတ်တာ တွေ့ရကြောင်း၊ သူ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက အံ့သြကြရုံမက ဆယ်စုနှစ်ပေါင်းများစွာ ဒီလိုလုပ်တာ မတွေ့ဖူးကြဘူးလို့ ပြောကြကြောင်း၊ ဒီလုပ်ရပ်တွေကို ထရမ့်က သူတက်လာပြီး သုံးလအတွင်းမှာ မဟုတ်တာတွေ လုပ်ပြသွားကြောင်း၊ သူက မယုံနိုင်စရာတွေ လုပ်သွားတာမို့ တချို့က သူဟာ လူပြုစားတာ ခံထားရတာများ ဖြစ်လေမလားလို့တောင် ပြောကြကြောင်း၊ တရုတ်အပေါ် ကုန်သွယ်ခွန် မြှင့်တင်တာဟာ နောက်ဆုံးတော့ အဖျားရှူးသွားပြီး တစ်ချိန်က ဘိုင်ဒန်ကို နောက်ပြောင်ပြီး taco President လို့ အခေါ်ခံရသလို အခု ထရမ့်လည်း ဒီလိုဖြစ်သွားနိုင်ကြောင်း Baker က သုံးသပ်ထားပါတယ်။
ကုန်သွယ်ခွန်ကိစ္စမှာ တရုတ်က သူ့ကိုလာ အညံ့ခံရမည့်သဘော ပြောနေတာ လူတွေက နောက်ဆုံး သူ့တိုက်ကွက်ဟာ သူ့ကို ပြန်ထိခိုက်မှာဖြစ်ပြီး သူပဲအရှုံး ပေးရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ MAGA က ဖြန့်နေတဲ့ သတင်းတွေမှာတော့ ထရမ့်က အသာစီးရသယောင် လွှင့်နေကြောင်း၊ သူ့ဘက် တော်သားတွေဟာ ထရမ့်ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ လွယ်လွယ်နဲ့ပြီးသွားမယ်၊ ထရမ့်ပဲနိုင်လိမ့် မယ်လို့ ယုံနေကြကြောင်း၊ US သံတမန် တွေကလည်း သူတို့ရဲ့ အကြံဉာဏ်ကောင်းတွေကြောင့် သူတို့ခေါင်းဆောင်တွေ ပွဲလယ်တင့်နေတယ်လို့ ထင်နေ ကြတယ်လို့ Baker က ပြောပါတယ်။ Baker က သူကြား နေရတာတစ်ခုကတော့ "ကမ္ဘာကြီးကို ပြောင်းလဲသွားအောင် လုပ်နိုင်ဖို့ပဲ လိုပါတယ်။ ဘယ်သူ နာမည်ရဖို့ဆိုတာ အရေးအကြီးပါဘူး"လို့ ဆိုပေမယ့် အခု ထရမ့်သစ္စာ ခံတွေကတော့ ကမ္ဘာကြီးပြောင်းလဲသွားဖို့ လုပ်တာဟာ ထရမ့်ကောင်းစားရေးအတွက်ဆိုတာမျိုး တဖွဖွပြောနေ ကြတယ်လို့ ပြောပါတယ်။
Baker က ကမ္ဘာ့အာဏာပွဲစားတွေဖြစ်တဲ့ ပူတင်တို့၊ ထရမ့်တို့တွေကလည်း ဒီလို ဖြစ်ရပ်တွေကို မြင်တွေ့လာကြတော့ အခုဖြစ်တဲ့ ကုန်သွယ်ခွန်စစ်ပွဲပေါ်ကနေ သင်ခန်းစာယူရမှာဖြစ်ကြောင်း၊ ထရမ့်က တရုတ်ပစ္စည်းတွေအပေါ် ဧပြီလကစပြီး ကုန်သွယ်ခွန်တွေ တိုးကောက်လာချိန်မှာ ကျန်ကမ္ဘာ့နိုင်ငံ အသီးသီးက ကုန်သွယ်ခွန်ကို လိုက်တိုးပြီး ကလဲ့စားမချေဘဲ အထူးအခွင့်အရေးတွေ ပေးမယ်ဆိုရင် ဒီနိုင်ငံသားတွေအတွက် အကျိုးထူးနိုင်ကြောင်း၊ အခုဆိုရင် တရုတ်ဟာ အမေရိကန် ဘယ်လိုပဲ ကုန်သွယ်ခွန် သူ့အပေါ် ထပ်တိုးမြှင့်ပါစေ သူ့ဘက်က နှုန်းထားညီအောင် လိုက်ညှိပေးရင်း နှစ်ဖက် နှုန်းထားတွေ ဆက်မတက်နိုင်တော့ဘဲ ကုန်သွယ်မှု ရပ်သွားကြောင်း၊ ရက် ၄၀ အကြာမှာတော့ ဒီပြဿနာကို ရှင်းရကြောင်း၊ ဒီကြားမှာ ထရမ့်ရဲ့ တာဝန်ရှိသူတွေဟာ ဒီကိစ္စအပေါ်မှာ ဘာတစ်ခွန်းမှ မှတ်ချက်မပေးခဲ့ကြောင်း Baker ကပြောပါတယ်။
ထရမ့်ဟာ ကမ္ဘာ့ကုန်သွယ်ရေးကို သမာသမတ်ဖြစ်အောင်၊ US ရဲ့ ကုန်သွယ်ရေးလိုငွေ ကိန်းဂဏန်းတွေပေါ် အခြေခံပြီး လုပ်တာဖြစ်ကြောင်း၊ ဒါတင်မက US ရဲ့ ထုတ်ကုန်တွေကို ပြည်တွင်းမှာ ပြန်လည်ထုတ် လုပ်နိုင်အောင် ဆောင်ရွက်ရင်း ကုန်ဈေးနှုန်းကျဆင်း သွားနိုင်တယ်။ အစိုးရတွေအတွက် ဝင်ငွေရလမ်းပေါ်လာ နိုင်ကြောင်း၊ ကုန်သွယ်မှုလိုငွေတွေ ကျဆင်းလာနိုင်တယ်၊ ဒါမှမဟုတ် အခွန်စီးကြပ်တာအတွက် အထောက်အကူ ဖြစ်နိုင်တယ်ဆိုတာလည်း ရှင်းပြမထားသလို ဒီလိုလုပ် တာကို ဘယ်သူက သဘောကျတယ်ဆိုတာလည်း မဖော်ပြထားကြောင်း၊ ဒီကုန်သွယ်ခွန်တိုက်ပွဲနဲ့ ပတ်သက်တဲ့ နိုင်ငံတွေကိုလည်း ထရမ့်က ဘာမှရှင်းပြမထားကြောင်း၊ ဒါကြောင့်မို့ နိုင်ငံတွေအားလုံးက ထရမ့်က ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာ ဘယ်သူကမှ ထရမ့်ရဲ့ သဘောထားမှန်ကို မသိကြောင်း Baker ပြောပါတယ်။
ဒါကြောင့် နိုင်ငံတွေအားလုံးက ဘာမှမပြောတော့ဘဲ အေးအေးလူလူပဲ အခြေအနေကို စောင့်ကြည့် နေကြကြောင်း၊ ထရမ့်ဟာ ဘာအဖြေမှလည်းမထွက်၊ ကြွားနိုင်လောက်အောင် ဘာနိုင်ပွဲမှလဲမရှိဘဲ ထရမ့် အလုပ်လုပ်တာဟာ ဒီလိုပါလားဆိုတဲ့ အမြင်မျိုး ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဒါကြောင့် ထရမ့်အဖို့ ဒီကုန်သွယ်ခွန် တိုက်ပွဲကနေ၊ စိန်ခေါ်မှုကြီးနှစ်ခုကို ရင်ဆိုင်ရပါတော့မယ်လို့ Baker က သုံးသပ်ထားပါတယ်။ တစ်ခုကတော့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲနဲ့ အီရန်ရဲ့ နျူကလီးယားပြဿနာပါ။ ပူတင်က ထရမ့်ကို ဒီစစ်ပွဲ ပြီးဆုံးသွားဖို့၊ သူတို့နှစ်နိုင်ငံ ပူးတွဲဖြေရှင်းဖို့ ရုရှားက ဖိတ်ခေါ်ကြောင်း၊ ဒီလိုအတူလုပ်ရင် အများကြီး ခရီးရောက်မည့်အကြောင်းပြောရင်း ထရမ့်ကို လက်ကမ်းခဲ့ကြောင်း၊ ပူတင်က ပါးနပ်သူ ဖြစ်ကြောင်း၊ သူက ထရမ့်ကို ကမ္ဘာ့လူစွမ်းကောင်းကြီးများ အသင်းဝင်အဖြစ် သဘောလောက်သာ၊ လက်ခံသယောင်လုပ်ပြီး အသုံးချသွားမှာပါလို့မြင်ကြောင်း Baker က ပြောပါ တယ်။
Baker က ပူတင်ဟာ ထရမ့်နဲ့ ချစ်ကြည်သလို ဟန်ဆောင်ပြီး သူကဘာမှ ထရမ့်ကို မပေးဘဲ သူ့အတွက်ကျန်အောင် လုပ်သွားနိုင်ကြောင်း၊ ထရမ့်ရဲ့ အထူးကိုယ်စားလှယ်ကိုလည်း အချိန်ဆွဲပြီး ကစားသွားနိုင်ကြောင်း၊ ထရမ့်ဟာ ယူကရိန်းရဲ့ နယ်နိမိတ်ဆိုတာကိုလည်း လေးစားမှာ မဟုတ်တဲ့အပြင် ယူကရိန်းခေါင်း ဆောင်ပိုင်းကိုလည်း မကြိုက်တဲ့အတွက်၊ ကြာရင် ထရမ့်ဟာ ယူကရိန်းရဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေကြောင့် စိတ်ဝင်စားမှု လျော့သွားမှာဖြစ်ကြောင်း၊ ထရမ့်ရဲ့အာရုံဟာ တခြားလွယ်လွယ် နဲ့ သူ့ကို လူတွေအာရုံစိုက်မည့် ဘက်ကို ရောက်သွားမှာဖြစ်လို့၊ နောက်ဆုံး ထရမ့်ဟာ သူလိုတာမရရင် ယူကရိန်းကို တိုက်ရိုက်သူနဲ့ငြိမ်းချမ်း ရေးစကားပြောဖို့အထိ လုပ်လာနိုင်ကြောင်း၊ ဒါတင်မက ထရမ့်ဟာ ဥရောပရဲ့ 'အပစ်အခတ်ရပ်စဲရေး အရင်လုပ်ရမယ်'ဆိုတဲ့မူကို လျှော့တွက်မိရင် သူဟာ ရုရှား-အမေရိကန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထက် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဘက်ကို ရုတ်တရက် စိတ်ပြောင်းသွားနိုင်တယ်လို့ Baker က သုံးသပ်ထားပါတယ်။
Baker က ထရမ့်ကို မခန့်မှန်းတတ်သလို၊ ထရမ့်ရဲ့ ကိုယ်စားလှယ်တွေကိုလည်း သိပ်အထင်ကြီး ပုံမရပါဘူး။ ယခုငြိမ်းချမ်းရေးအတွက် ကြိုးစားကြရာမှာ ရုရှားကို အလေးပေးပြီး ယူကရိန်းကို အကျဉ်း အကျပ်ဖြစ်အောင် လုပ်ရုံနဲ့လည်း မလုံလောက်သေးဘူးလို့ Baker က ပြောပါတယ်။ လတ်တလော သတင်းတွေအရ အကယ်၍များ ထရမ့်က စိတ်ပြောင်းသွားပြီး ပူတင်ကို 'ကလန်'ရင် အမေရိကန်ဟာ သူအစိုးမရတဲ့ ယူကရိန်းကို ဘယ်လိုသွားထိန်းမှာလဲ၊ ယူကရိန်းကလည်း သူ့ကိုမတန် မရာတွေပြန်ပြီး အရေးဆိုလာနိုင်ကြောင်း၊ ဒီလိုဖြစ်လာရင် သူ ယူကရိန်းကို ဘယ်လို နှစ်သိမ့်မလဲ၊ အမေရိကန် အထက်လွှတ်တော်က အမတ်တွေက ရုရှားဆွေးနွေးပွဲစားပွဲကို ရောက်လာအောင် ရုရှားဆီက လောင်စာဆီဝယ်တဲ့ နိုင်ငံတွေကို၊ ကုန်သွယ်ခွန် ရာခိုင်နှုန်း ၅၀၀ ကောက်မယ်လို့ လွှတ်တော်ကို ဥပဒေကြမ်း တင်ထားကြောင်း၊ Baker က ပြောပါတယ်။
သူက ဆက်ပြောရာမှာ အခုတရုတ်နဲ့ မြောက်ကိုရီးယားကတောင် ရုရှားဆီက လောင်စာဝယ်ရင် အခုလိုဖြစ်မယ်ဆိုတာ မသိကြသေးကြောင်း၊ ဒီဥပဒေကြမ်းက ထရမ့်လက်မှတ်ထိုးဖို့ပဲ ကျန်တော့ကြောင်း၊ အီရန်နဲ့လည်း နျူကိစ္စ ဒုတိယအကြိမ် ဆွေးနွေးဖို့လုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အီရန်တွေ လန့်သွားကြောင်း၊ အီရန်ကို ယူရေနီယမ်သန့်စင်မှာကို ရပ်တန့်စေ ဖို့နဲ့ မလိုက်နာရင် ပြင်းပြင်းထန်ထန် US သို့မဟုတ် သူ့ဘက်တော်သား အစ္စရေးကို အရေးယူစေမှာ ဖြစ်ကြောင်း၊ တစ်ဖက်က သတင်းတွေ ထွက်နေတာကလည်း အီရန်က Sanctions က လွတ်ဖို့အတွက် US နဲ့သော် လည်းကောင်း၊ ဆော်ဒီနဲ့သော်လည်းကောင်း ယူရေနီယံကို ငြိမ်းချမ်းစွာ အသုံးချနိုင်ရန်အတွက်၊ ဖက်စပ်လုပ် ကိုင်ဖို့ စဉ်းစားနေကြောင်း၊ US နဲ့ ပူးတွဲလုပ်ဖို့ ထရမ့်ရဲ့ Middle East ခရီးစဉ်မှာ ဆွေးနွေးလာနိုင်ကြောင်း၊ သို့သော်လည်း US က အီရန်အနေနဲ့ ဟားမက်စ်တို့၊ ဟစ်ဘိုလာတို့လို အကြမ်းဖက်အုပ်စုတွေကို အထောက်အပံ့ပေးနေတာတွေကို ရပ်ဆိုင်းရမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သူ အသာစီးရဖို့ ဆွေးနွေးရမှာ ဖြစ်ကြောင်း။ Baker က သုံးသပ်ထားပါတယ်။
ထရမ့်အနေနဲ့ နိုင်ငံရေးအရ ဒီအချက်တွေကို လုပ်ပြနိုင်မှသာ သူအသာစီးရတယ်ဆိုတာ ပြည်တွင်းမှာ ပေါ်လွင်မှာ ဖြစ်ကြောင်း၊ ဒီအချက်ကသာ လက်တွေ့ကျပြီးတော့ သူဟာ သူ့မာနကို ဗဟိုပြုပြီး တောင်စဉ်ရေမရအလုပ်တွေ လုပ်နေတာမဟုတ်ဘူးဆိုတာ ကမ္ဘာကို သတိထားမိအောင် သူသက်သေပြနိုင်မှာ ဖြစ်ကြောင်း၊ Baker က ထောက်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့နိုင်ငံရေး စင်မြင့်ပေါ်မှာ လှုပ်ရှားနေသူတွေဟာ မပါးနပ်ရင် သူများမြှောက်ပင့်ပြီး လှည့်စားတာခံရမှာ ဖြစ်ကြောင်း၊ အခုတော့ ထရမ့်ဆိုတဲ့ ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ပိုင်း ပုဂ္ဂိုလ်ဟာ ကာတွန်းဇာတ်ကောင်သရုပ် နဲ့ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ (Power Politics နဲ့ Diplomacy) ကို လှုပ်ရှားနေရာမှာ အဖြေထွက်အောင် လုပ်နိုင်ဖို့သာ လိုကြောင်း၊ ကိုယ်ကိုင်ထားတဲ့ ဖဲချပ်တွေဟာ ဘယ်လောက်ကောင်းကြောင်း ကြွားနေ တာထက် ဝိုင်းထဲက ပိုက်ဆံကို သိမ်းနိုင်ဖို့သာလိုကြောင်း၊ Baker က သူ့အထင်ကတော့ အခုအချိန်မှာ အာရှသားတွေ သာမက သြဇီတွေ၊ ကနေဒီယံတွေ အပါအဝင် အားလုံးဟာ ထရမ့်ကို မဏ္ဍိုင်ထား အမြတ်ထုတ်နေကြကြောင်း၊ သူ့အနားက လူတွေကလည်း တတ်ယောင်ကား အကျင့်ပျက်တွေက သူ့ကြွားလုံးတွေ၊ စကား အလွန်အကျွံပြောတာတွေ၊ အမြှာက်အပင့် ကြိုက်တာတွေ၊ စိတ်ကူးယဉ် ကမ္ဘာထဲက ဥပဒေတွေစတဲ့ အားနည်းချက်တွေအပေါ် အခွင့်ကောင်းယူ၊ သူ့မူဝါဒတွေပေါ်ခြေခံပြီး အမြတ်ထုတ် နေကြကြောင်း၊ တစ်ချိန်က ကျွမ်းကျင်မှုအရ သြဇာတိက္ကမရှိ၊ အင်အားတောင့်တင်းခဲ့တဲ့ နိုင်ငံကြီးဟာ အခု တော့ ]ရှီကျင့်ဖျင်၊ ပူတင်တို့ရဲ့ လိမ္မာပါးနပ်မှု'ကို မယှဉ်သာတော့ဘဲ တစ်စတစ်စ မိတ်ဖက်တွေ ဆုံးရှုံးလာပြီ ဖြစ်လို့ အဖြစ်မှန်တရားတွေကို လက်ကိုင်ထားနိုင်ဖို့အတွက် သတိချပ်ဖို့ လိုပြီဖြစ်ကြောင်း Mallen Baker ကသူ့ရဲ့ Youtube က ရုပ်သံမှာ ထုတ်လွှင့်သွားတာကို တင်ပြလိုက် ရပါတယ်။
(ရွှေလင်းယုန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )