ကျောက်မဲ အောင်ပွဲရ စစ်သည်များ၏ အောင်စိတ်ကို တားဆီးမရခဲ့ဟုဆို

နေပြည်တော်၊ အောက်တိုဘာ ၈
    TNLA အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်က ထိုးစစ်ဆင်ဆောင်ရွက်လျက်ရှိရာ ကျောက်မဲမြို့ကို အပြီးတိုင် သိမ်းပိုက်ရာတွင် အောင်ပွဲရစစ်သည်တို့၏ အောင်စိတ်ကို တားဆီးမရခဲ့ကြောင်း ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက ပြောသည်။
    ကျောက်မဲမြို့သို့ ဌာနဆိုင်ရာဝန် ထမ်းများ၊ ဒေသခံပြည်သူများ ဝင်ရောက်လာစဉ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများက ကြိုဆိုရာတွင် TREND သတင်းဌာနက သီးသန့်မေးမြန်းရာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
    "ရဲဘော်တွေ၊ စစ်သည်တွေက အရမ်းကို တက်ကြွလွန်းတာကြောင့် တားတောင် တားယူရတယ်။ မဖြစ်သင့်တာတွေ၊ ကျွံသွားတာတွေ ဖြစ်မှာစိုးလို့ တားယူနေရတယ်။ ရန်သူမြှူဆွယ်တဲ့ကွင်းတွေ ဝင်သွား မှာစိုးလို့ လိုက်တားနေရတယ်။ အဲဒီလိုကြောင့် လိုက်ထိန်းသိမ်းခဲ့ရပါတယ်။ စစ်သည်တွေရဲ့ အောင်စိတ် တွေကတော့ တားလို့မရပါဘူး။ ခုလိုစစ်သည်တွေ ဆောင်ရွက်နေတာဟာလည်း သူတို့မိသားစုအတွက်လုပ် နေတာမဟုတ်ဘူး။ နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူအတွက်ပဲ လုပ်နေတာ။ မြို့ခံလူထုတွေအတွက် လုပ်ခဲ့တာပါ။ သူတို့ရဲ့အသက်တွေ၊ သွေး၊ ချွေးတွေရင်းပြီး လုပ်ခဲ့ရတာပါ"ဟု ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက ပြောသည်။
    ဆက်လက်၍ "ကျွန်တော်တို့ တပ်မတော်ဆိုတာက ပြည်သူလူထုကြားက ပေါက်ဖွားလာတဲ့ တပ်မတော်ပဲလေ။ ပြည်သူရဲ့ ရင်နှစ်သည်းခြာပါ။ ပြည်သူကို ရောင်ပြန်ဟပ်လို့ ပြည်သူကလည်း ဒီလို ရောင်ပြန်ဟပ်တာပါ။ ကျွန်တော်တို့ရဲ့ အကြင်နာတရားတွေကို ပြည်သူက ပြန်ပြီး တုံ့ပြန်တာပါ။ ကျွန် တော်တို့က ပြုံးပြရင် ပြည်သူကပြန်ပြုံးပြမယ်။ ဒါကြောင့် ပြည်သူက ဘာကြောင့် ရန်သူ့သတင်းကို ပေးတယ်ဆိုတာ သူတို့နယ်မြေဒေသ အေးချမ်းတည်ငြိမ်အောင်၊ သူတို့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်အောင်၊ သူတို့မြို့ရွာကို ငြိမ်းချမ်းအောင်လုပ်ပေးနိုင်တာ တပ်မတော်ဆိုတာပဲရှိတာသိလို့ တပ်မတော်ကို သတင်းပေးတာပဲ"ဟု ပြောကြားခဲ့သည်။
    တပ်မတော်အနေဖြင့် TNLA အ ဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့၊ ရွာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation) များကို ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်၍ နယ်မြေခံတိုင်းရင်းသားများအပေါ် မတရားဖိနှိပ် ချုပ်ချယ်ထားသည့် ကျောက်မဲမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ ကျောက်မဲ-နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စု ကားလမ်းပိုင်းအား ပြန်လည်စိုးမိုး ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည်။
    စစ်ဆင်ရေးကာလ ၂၁ ရက်တာအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၃၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၇၆ ကြိမ်၊ စုစုပေါင်း ၁၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၆၁ လောင်း၊ လက်နက် ၄၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ် သည် အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53841

© 2022 - 2025 News. All Rights Reserved.