ရန်ကုန်၊ အောက်တိုဘာ ၈
ဂျုံသီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်မှုအနေဖြင့် ၂၀၂၅ ခု နှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေမှ စတင်၍ ဂျုံသီးနှံစိုက် တောင်သူများအတွက် ဂျုံသီးနှံချေးငွေအား တစ်ဧကလျှင် ချေးငွေ ကျပ် ၁၅၀၀၀၀ နှုန်းကိုဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေသည် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျုံသီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ သက်ဆိုင် ရာ ခရိုင်၊ မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျုံသီးနှံသည် ဆောင်းသီးနှံဖြစ်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးနိုင်ကြောင်း၊ ၎င်းင်းကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘို၊ မုံရွာ၊ ဝက်လက်၊ ရေဦး၊ ခင် ဦး၊ မြောင်၊ မြင်းမူမြို့နယ်များနှင့် မန္တလေးတိုင်းဒေသကြီး သဲတော၊ ဝမ်းတွင်းနှင့် မြစ်သားမြို့နယ်တို့တွင် အဓိကစိုက်ပျိုးထုတ်လုပ် ၍ တောင်ကုန်းတောင်တန်းဒေသများ ဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
စိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးရာတွင်လည်း စပါးသီးနှံ အပါအဝင် သီးနှံ ၂၃ မျိုးကို မိုး၊ ဆောင်း၊ မိုးကြို စသည့် ရာသီအလိုက် စိုက်ပျိုးချိန်အမီ ဘဏ်များမှ ထုတ်ချေးပေးလျက်ရှိကြောင်း၊ အဆိုပါ ဘဏ်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ် ချေးငွေများကို နှစ်စဉ်ထုတ် ချေးပေးလျက်ရှိသည်။ သက်မှူး