စိုက်ပျိုးရေးနှင့် နည်းပညာဆိုင်ရာပြပွဲ ရန်ကုန်မြို့တွင် သုံးရက်ကြာ ခင်းကျင်းပြသခဲ့

ရန်ကုန်၊ဇူလိုင် ၂
    စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသောက်ကုန်နှင့် လယ်ယာသုံးပစ္စည်းများ၊ ဆိုလာနှင့် လျှပ်စစ်ပစ္စည်းများကို တစ်နေရာထဲတွင် ကြည်ရှုလေ့လာနိုင်မည့် စိုက်ပျိုးရေးနှင့်နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကို ဇွန် ၂၇ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန် ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သည်။
    ယင်းပြပွဲ၌ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသည့် ဘက်စုံသုံးလယ်ထွန် စက်များ၊ ဆန်စက်နှင့် ဆန်စက်အပိုပစ္စည်းများ၊ သီနှံအခြောက်ခံစက်များ၊ ဓာတ်မြေသြ ဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ထရန်စဖော်မာ၊ ဆိုလာ၊ အင်ဗာတာနှင့် လျှပ်စစ်ပစ္စည်းများ၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် ပန်းကန်၊ ခွက်များသာမက ဟိုတယ်သုံးရေ ခဲသေတ္တာနှင့် ပြည်တွင်းထုတ် ဝိုင်များကိုပါ ပြသပေးထားသည်။
    ယင်းအပြင် စိုက်ပျိုးထုတ်လုပ်သူများအတွက် မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်စိုက်ပျိုးထုတ်လုပ်သူများ အသင်းကြီးရဲ့ ဦးဆောင်စီစဉ်မှုဖြင့် "တောင်သူ အားလုံးအတွက် ဘေးကင်းလုံခြုံသည့် ဥယျာဉ်ခြံ သီးနှံ စီမံထုတ်လုပ်နည်း"၊ "စွမ်းအားမြင့် အော်ဂဲနစ်မြေသြဇာများကို သိပ္ပံနည်းကျ ထုတ်လုပ်ခြင်း"၊ "အာမခံချက်ရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ခြင်း"၊ "တောင်သူအားလုံးပါဝင်သော သီးနှံတန်ဖိုးမြှင့် ကွင်းဆက်စီမံချိတ်ဆက်ခြင်း"စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးဟော ပြောပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။
    ထို့ပြင် ပတ်ဝန်းကျင် မပျက်နည်း ပညာများပံ့ပိုးခြင်း၊ ကုန်ကျစရိတ်သက်သာ ထိရောက်သော သွင်းအားစုများ ရောင်းချခြင်း၊ စိုက်ပျိုးစရိတ်အတွက် ချေးငွေများရရှိစေရန် ဘဏ်များနှင့် ချိတ်ဆက်ပေးခြင်း စသည့် လုပ်ငန်းများနှင့် ပတ်သက်သော ပြခန်းများကို မည်သူမဆို အခမဲ့ ကြည့်ရှုနိုင်ရန် ပြသခဲ့သည်။ သက်မှူး

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46118

© 2022 - 2025 News. All Rights Reserved.