ရန်ကုန်၊ သြဂုတ် ၂၇
၂၀၂၅-၂၆ ပညာသင်နှစ်မှစပြီး စိုက်ပျိုးရေး သိပ္ပံဘွဲ့ (B.Arg.Sc)နှင့် မွေးမြူရေးပညာဘွဲ့(B.A.Sc)တို့ကို ရေဆင်း(နေပြည်တော်)အပြင် အသစ်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) တွင်လည်း လျှောက်ထားနိုင်ပြီ ဖြစ်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) တွင် တက်ရောက်နိုင်သည့် ဘွဲ့သင်တန်းနှစ်ခုမှာ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agriculture Science - B.Arg.Sc) လေးနှစ်နှင့် မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science - B.A.Sc) လေးနှစ်သင်တန်းများဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ၂၀၂၅ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲတွင် STEAMS(1) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အနည်းဆုံး စုစုပေါင်းရမှတ် ၃၅၀ နှင့်အထက် ရရှိအောင်မြင်သူ ဖြစ်ရမည်ဟု သိရသည်။
အဆိုပါ တက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ပံအထူးပြုလူဦးရေ ၁၀၀ နှင့် မွေးမြူရေးပညာအထူးပြု ၁၀၀ စုစုပေါင်း ၂၀၀ လက်ခံမည်ဖြစ်ပြီး အမျိုးသား (ရာခိုင်နှုန်း ၅၀)နှင့် အမျိုးသမီး (ရာခိုင်နှုန်း ၅၀) လက်ခံမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင် ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်(မိတ္တူ)၊ အမှတ်စာရင်း (မိတ္တူ)၊ ကျောင်းသား နှင့်မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ) တို့ ပါရှိရမည်ဖြစ်သည်။ လျှောက်လွှာကို အထက်ပါ (၁၅-၁၀-၂၀၂၅)ရက်၊ နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီ ရိမြို့နယ်၊ နေပြည်တော်သို့လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ သို့ပေးပို့ပြီး အီးမေးလ်လိပ်စာ maubin-student-affairs@yau.edu.mm သို့ Scan ဖတ်၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခြင်း မခံရပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နစ်နာမှု မရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း အရန်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။ ထူးမြတ်