ရန်ကုန်၊ ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ်တွင် ညီညွတ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးပါတီ(UADP)၏ မြို့နယ်ပါတီရုံးဖွင့်ပွဲကို ပါတီဝင် အင်အား ၂၀၀ ကျော်ဖြင့် ဇူလိုင် ၁၂ရက်က အစီအစဉ် ၁၁ ရပ်အညီ ကျင်းပခဲ့ကြောင်း ယင်းပါတီမှသိရ သည်။
"အခုဆိုရင် ပါတီရုံးပေါင်းက ၁၂ ရုံးဖွင့်လှစ်ပြီးပြီ။ နောက်ထပ်က တာမွေ၊ မရမ်းကုန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်ရယ် အားလုံး လေးရုံးထပ်ဖွင့်ဖို့ရှိတယ်။ ပြင်ဆင်ထားပြီးပြီ။ အဲဒါကလည်း အာဇာနည်နေ့အပြီးမှ စပြီးဖွင့်လှစ်သွားဖို့ ရှိပါတယ်။ ပါတီအနေနဲ့ကတော့ ရုံးအရေ အတွက်ရော၊ ပါတီဝင်အင်အားရောက အားလုံးပြည့်နေပါပြီ"ဟု ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် စက်တင်ဘာ မတိုင်မီ မြို့နယ်ပါတီရုံး ၂၀ ကျော်အထိအပြီး ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ဒေါက်တာခင်မောင်ဦးက ဆက်ပြောသည်။
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လက်ရှိတွင် သာကေတမြို့နယ်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားပြီး ပါတီမြို့နယ်ရုံးများအဖြစ် ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ စမ်းချောင်း၊ အင်းစိန်၊ ဒေါပုံ၊ တိုက်ကြီး၊ ဒလ၊ သန်လျင်၊ တောင်ဥက္ကလာပ၊ အလုံ၊ တွံတေး စသည့် မြို့နယ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်သည်။ ညီသစ်