နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒုတိယဆုရ မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းအား အမေရိကန်ဒေါ်လာ ရှစ်သောင်းချီးမြှင့်

ရန်ကုန်၊ သြဂုတ် ၂၇
    ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်ခဲ့ သည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ရှစ်သောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
    ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျပ်သိန်း ၂၅၀၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်ဇနီးဒေါ်ဌေးဌေးခိုင်က ကျပ်သိန်း ၃၀၀၀၊ Paing Family Int’l Co Ltd. က ကျပ်သိန်း ၃၀၀၊ RGK+ZNA group က ကျပ်သိန်း ၂၀၀ ၊ MFF Women’s Football Com-mittee ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်က ကျပ်သိန်း ၂၀၀ ၊ ဟံသာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးအောင်မိုးကျော်က ကျပ်သိန်း ၂၀၀ ၊ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ကျပ်သိန်း ၁၀၀ ၊ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်‌ေ၀ က ကျပ်သိန်း ၁၀၀ ၊ MFF Futsal and Beach Soccer Committee ဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း ၁၀၀၊ National Tower Development Co Ltd. က ကျပ်သိန်း ၁၀၀၊ Mother Trading Co Ltd. က ကျပ်သိန်း ၁၀၀၊ Poe Poe Trading Co Ltd.ကကျပ် သိန်း ၁၀၀ ၊ MNL League ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ကျပ်သိန်း ၁၀၀ ၊ ရန်ကုန် စီးတီး အသင်းပိုင်ရှင် ဒေါက်တာ ထက်ခိုင်ဝင်းက ကျပ်သိန်း ၁၀၀ ၊ ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ကျပ်သိန်း ၁၀၀ ၊ KPO Company Ltd. က ကျပ်သိန်း ၁၀၀ ၊ ရာမညအသင်းပိုင်ရှင် ဦးသင်းမောင်စိုးက ကျပ် သိန်း ၅၀ ၊ ကချင်ယူနိုက်တက် အသင်းပိုင်ရှင် ဒေါ်လဖိုင်နန်ပရီက ကျပ်သိန်း ၃၀ အသီးသီး ချီးမြှင့်ခဲ့သည်။
    မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ချီးမြှင့်ခဲ့သည့် ဂုဏ်ပြုဆုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ရှစ်သောင်းနှင့် အလှူရှင် အသီးသီးက ချီးမြှင့်ငွေ စုစုပေါင်း ကျပ်သိန်း ၅၂၃၀ ရရှိခဲ့ကြောင်း သိရသည်။ 
    ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက် ရောက်စဉ်က မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  စွမ်းဆောင်မှု ဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်ခဲ့သည်။ ထူးမြတ်

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50091

© 2022 - 2025 News. All Rights Reserved.