ရန်ကုန်၊ ဇူလိုင် ၂
ပန်းခင်းစီမံချက်ဖြင့် လူဦးရေ ၉ ဒသမ ၈ သန်းကျော်အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။
ဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် အဆင့်သုံးဆင့်တိုး မြှင့်ကာဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်ပေးခြင်းမှာ ၂၀၂၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ လေးနှစ်ကျော် ကာလအတွင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေးနှစ်ကျော် ကာလအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကာ ပန်းခင်းစီမံချက်အဆင့်(၃)အနေဖြင့် လာမည့် အောက်တိုဘာ ၃၁ ရက်အထိကို ဆောင်ရွက်ပေးရန် လျာထားကြောင်း သိရသည်။
အဆိုပါ ကာလနောက်ပိုင်းတွင်လည်း ရွေးကောက်ပွဲပြုလုပ်ချိန်အထိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးမရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် စာရင်းတင်ပြလာပါက ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သက်မှူး