ပြည်ပသို့ ရော်ဘာတင်ပို့မှုမှ နှစ်စဉ် ကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ရရှိ 

ရန်ကုန်၊ အောက်တိုဘာ ၈
    ပြည်တွင်း စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို ဧကပေါင်း ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထား ပြီး နှစ်စဉ် ပြည်ပသို့ တင်ပို့မှုမှ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ ၄၈၀ ခန့်အထိ ရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 
    ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် စိုက်ပျိုးလျက်ရှိပြီး အစေးခြစ်ဧက တစ်သန်းနီး ပါးတွင် ရော်ဘာတန်ချိန် သုံးသိန်းကျော်ထွက်ရှိကြောင်း၊ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်း သုံးစွဲမှုအနေဖြင့် တန်ချိန်နှစ်သောင်း ကျော်ခန့်ရှိကာ ပြည်ပနိုင်ငံများသို့ တန်ချိန်သုံးသိန်းခန့် တင်ပို့နေခြင်း ဖြစ်သည်။  
    မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဟာဗျူဟာ စီမံချက်များရေးဆွဲ၍ ကာလတို၊ ကာလရှည် စီမံကိန်းများဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။  
    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း နှစ်သက်တမ်းလွန် ရော်ဘာပင်များကို မျိုးကောင်းမျိုးသန့်များဖြင့် ပြန်လည်အစားထိုး စိုက်ပျိုးခြင်းများ၊ ကျွမ်းကျင်အစေးခြစ်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိ သည်။  
    ထို့ပြင် ခိုင်မာသည့် ဈေးကွက်ရရှိရေးအတွက် သဘာဝရော်ဘာစိုက်ပျိုးထုတ် လုပ်မှုကို ဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့သည့် မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုကင်းစင်သည့် ထုတ်ကုန်များဆိုင်ရာ စည်းမျဉ်းများ စသည့် လမ်းညွှန်ချက်များစွာနှင့်အညီ စိုက်ပျိုးထုတ်လုပ်၍ တင်ပို့နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်သည်။ သက်မှူး

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53841

© 2022 - 2025 News. All Rights Reserved.