ရန်ကုန် အောက်တိုဘာ ၁၄
လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဥ်ဝယ်ယူခွင့်ကိစ္စရပ်နှင့်ပတ်သတ်သောကြေညာချက်မှာအတုသာဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့်လတ်တလောထုတ်ပြန်ထားခြင်းမရှိကြောင်းသိရသည်။
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများ မော်တော်ယာဥ်ဝယ်ယူခွင့်ပြုရေးကိစ္စနှင့်ပတ်သတ်၍ကြေငြာချက်တစ်စောင် လူမှုကွန်ယက်တွင် ပျံံ့နှံ့ခဲ့ခြင်းနှင့်ပတ်သတ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုမေးမြန်းရာတွင်အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာန၏ဖြေကြားချက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ပြည့်နှစ်စက်တင်ဘာလ ၃၀ရက်နေ့တွင်နိုင်ငံတော်ပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ဖူးပြီး အဆိုပါထုတ်ပြန်ချက်အား ၂၀၂၁ခုနှစ်အောက်တိုဘာလ ၁ရက်နေ့တွင်ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း၊လတ်တလောဆိုရှယ်မီဒီယာတွင်ဖော်ပြနေသည့် အချက်အလက်များသည် ၂၀၂၀ပြည့်နှစ်တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်ပေါ်တွင် Facebook ၏ Memory ပြန်တက်လာသည့်အပေါ်အချက်အလက်၊ခုနှစ်များပြင်ဆင်ပြီး ပြည်သူထုကြား မော်တော်ယာဥ်ကားစျေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကြေညာချက်အတူဖြန့်ဝေဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်းဖော်ပြထားသည်။
ထို့အပြင် ပြည်သူ့ဝန်ထမ်း၊နိုင်ငံဝန်ထမ်းများနှင့်ပြည်သူများအကြား စည်းလုံးညီညွတ်မှုပျက်ပြားစေရန် အငြင်းပွားဖွယ်ရာကိစ္စဖြင့်သွေးထိုးလှုံ့ ဆော်ပြီး ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးမတည်မငြိမ်ဖြစ်စေရန် မသမာသူများက လုပ်ကြံသတင်းကြေညာချက်အတုထုတ်လုပ်သည်ဟုယူဆကြောင်းဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားသည်။ HM