နေပြည်တော်၊ အောက်တိုဘာ ၁၃
တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီတွင်နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV HD၊ MRTV News၊ MRTV Parliamenti NRC Channel | Farmers' Channel i MITVI အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများဖြစ်သော MNTVI Skynet Up to Date & Readers' Channel မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD၊ MWD Variety Channel တို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV APP : အပါအဝင် MRTV Online Platform တို့မှလည်းကောင်းတိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM ၊ရွှေ FM၊ ပတ္တမြား FMI FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ညီသစ်
Photo-(နေပြည်တော်တွင် ဇွန်လအတွင်းက Peace Fourm -2025 ကျင်းပနေမှုမြင်ကွင်း)