ရန်ကုန် အောက်တိုဘာ ၁၄
(၁၀၅) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၈ကြိမ်မြောက် မြနမာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ ၁၃ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပရာ သက်ကြီးပူဇော်ပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ရုပ်ရှင်သက်ကြီးအနုပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
(၄၈) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်က ပေးအပ်ရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးအောင်လွင်က လက်ခံရယူသည်။
ထို့အပြင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀ ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀၊ Forever Group မှ ငွေကျပ် ၆၇ သိန်းကျော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟို) မှ ငွေကျပ်သိန်း ၂၀၊ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ် ၁၀ သိန်းနှင့် မင်္ဂလာရုပ်ရှင်မိသားစုက ငွေကျပ် ၂၈ သိန်းတို့ကို ပေးအပ်လှူဒါန်းကြကြောင်းသိရသည်။ HM