မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းအတွက် ဂျပန်အမျိုးသမီး နည်းပြတစ်ဦး ခန့်အပ်

ရန်ကုန်၊ ဇူလိုင် ၁၆
    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းအတွက် ဂျပန်အမျိုးသမီး နည်းပြတစ်ဦးကို ဇူလိုင် ၁၄ ရက်က တရားဝင်ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
    မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းနည်းပြချုပ်အဖြစ် အသက် (၄၅) နှစ်အရွယ် Ms. Kumiko Tashiro ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နည်းပြမှာ ကစားသမားဘဝတွင့်မတေေ Urawa Red Dia-monds, Saitama Reinas စသည့် ကလပ်များတွင် နောက်တန်းကစား သမားအဖြစ် ကစားခဲ့သည်။ 
    နည်းပြဘဝတွင် JFA Pro license ရ နည်းပြတစ်ဦးဖြစ်ပြီး Urawa Red Diamonds အသင်းအပါအဝင် ဂျပန်အမျိုး သမီးကလပ်များ၊ လူငယ်အသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။ 
    နည်းပြချုပ် Ms. Kumiko Tashiro အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၇ အသင်းကို အာရှခြေစစ်ပွဲနှင့် အာဆီယံပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ဦးဆောင်ရမည် ဖြစ်သည်။ ယခုနှစ်အတွင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲ၊ ယူ-၁၉ လက်ရွေးစင် အမျိုးသမီးအသင်းသည် ယူ-၂၀ အာရှဖလားခြေစစ်ပွဲ၊ ယူ-၁၆ လက်ရွေးစင် အမျိုးသမီးအသင်းသည် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ယူ-၁၇ အာရှဖလား ခြေစစ်ပွဲစဉ်များအား အသီးသီး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထူးမြတ်

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46960

© 2022 - 2025 News. All Rights Reserved.