ကျားဖျန့်လုပ်ငန်းရဲ့  မုဆိုးတွေက နိုင်ငံတကာမှာ ရှိနေတယ် နားပန်ဖိုင်ရှိသင်တန်းနှင့် ကိုးကန့် စကားပြောသင်တန်း (လောက်ကိုင်မြို ) သင်တန်းပိုင်ရှင် ဒေါ်ဖြူဖြူအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း..

လောက်ကိုင်မှာ ကျားဖျန့်လုပ်ငန်းတွေ လာပြီးတော့ ထူထောင်တယ်၊ ရှိတယ်ဆိုပြီး နာမည်တွင်သွားတဲ့ ပုံစံမျိုးပဲ ရှိတယ်နော်။ တကယ့်တကယ်ဆိုရင် ကျားဖျန့်လုပ်ငန်းရဲ့  မုဆိုးတွေက နိုင်ငံတကာမှာ ရှိနေတယ်...

 လောက်ကိုင်မြိုမှာ တရုတ်ဘာသာစကားသင်တန်း ထူထောင်ပြီး စီးပွားရေးလုပ်ငန်းတစ်ခု ရင်းနှီး မြှုပ်နှံ လုပ်ကိုင်နေရင်း အခြေအနေ အရပ်ရပ်ကြောင့် ဧရာ၀တီတိုင်းဒေသကြီးထဲက နေရပ်ကို ပြန်လာခဲ့ရတဲ့ အတွေ့အကြုံ အပါအ၀င် ကာစီနိုလောင်းကစားနဲ့ ကျားဖျန့်လုပ်ငန်း တစေ့တစောင်းအဖြစ် လောက်ကိုင်မြိုမှာ နားပန်ဖိုင်ရှိသင်တန်းနဲ့ ကိုးကန့်စကားပြောသင်တန်း ဖွင့်လှစ်ခဲ့တဲ့ သင်တန်း ပိုင်ရှင်လည်းဖြစ်၊ သင်တန်းဆရာမလည်းဖြစ်သူ ဒေါ်ဖြူဖြူအောင်ထံ ဆက်သွယ်မေးမြန်းထားပါတယ်။

နားပန်ဖိုင်ရှိသင်တန်းနှင့် ကိုးကန့် စကားပြောသင်တန်း (လောက်ကိုင်မြို )
သင်တန်းပိုင်ရှင် ဒေါ်ဖြူဖြူအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း..

TREND ။ ။ လောက်ကိုင်မှာ ကြုံတွေခဲ့ရတဲ့ အခြေအနေနဲ့ သင်တန်းမဖွင့်တော့ဘဲ နေရပ်ပြန်လာခဲ့ရပုံ ကို အရင်ဆုံး ပြောပြပါဦး။
DPPA ။ ။ ဒီအခြေအနေကြီး စဖြစ်ပြီး နောက်ပိုင်း အစာရေစာ ရိက္ခာ၀ယ်ရတာ ပြတ်လပ်လာ တယ်၊ ခက်ခဲလာတယ်။ ပစ်သံခတ်သံတွေကလည်း နေ့တိုင်း ကြားနေရတယ်။ အဲဒါနဲ့ သင်တန်းနားရင်း နဲ့ နေရပ်ကိုပဲ ပြန်လာမယ်ဆိုပြီး ပြန်ခဲ့တယ်။ ဒီကြားထဲမှာတော့ ဒုက္ခရောက်တာတွေ၊ ကြုံတွေ့ခဲ့ရတာ တွေတော့ အများကြီးပေါ့။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ တိုက်ပွဲတွေ စျဖစ္တာ။ နယ္ကို ပြန်လာတာက နို၀င်ဘာ ၆ ရက်ဆိုတော့ ပြန်လာတာ နှစ်လလောက်ရှိပြီ။ အမှန်တော့ ဒီနေရာမှာ တစ်သက်လုံးနေမယ်လို မျှော်လင့်ထားတာ မဟုတ္ဘူး။ ရေကြည်ရာ မြက်နုရာ လုပ်ကိုင်ရှာဖွေတဲ့ သေဘာပါ။ ပြည်တွင်းမှာက ကုန်ဈေးနှုန်းမြင့်မားမှုတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေနဲ့ အခက်အခဲပေါင်း စုံရှိနေလို သြားလုပ္တာပါ။ သွားလုပ်ရင်းနဲ့မမျှော်လင့်ဘဲ စီးပွားရေးက အောင်မြင်ခဲ့တယ်။ ပြောရမယ်ဆို ရင် ကျွန်တော်တို ရောက်သွားတဲ့အချိန်မှာ သင်တန်းကြီးတွေ အများကြီးရှိတယ်။ ကျွန်မတိုက ကြိုးစားရင်း၊ ထိုးဖောက်ရင်းနဲ့ ကျွန်မတို သင်တန်းက လောက်ကိုင်မြိုထဲမှာဆိုရင် အကြီးမားဆုံးနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မတိုနဲ့ Level တူဆိုရင် တစ်ခုလောက်ပဲ ရှိတော့တယ်။ အဲဒီလို အခြေအနေအထိ ဖြစ်သွားတဲ့ အချိန်မှာ ပျမ်းမျှတစ်လကို သိန်း ၃၀၀၊ ၄၀၀ လောက်ရတဲ့ အခြေအနေကနေ ပြန်လာ ခဲ့ရတယ်ဆိုတော့ ဒီပြန်ရောက်တော့ အခက်အခဲက နည်းနည်းပါးပါး ကြုံရတယ်။ ရလာတဲ့ ၀င်ငွေနဲ့ပဲ အိမ်လေး၊ ဘာလေးဆောက်၊ မြေကွက် ၀ယ်တာပဲရှိတယ်။ ကျန်တဲ့ စီးပွားရေးက မရွိဘူး။
TREND ။ ။ နားပန်ဖိုင်ရှိသင်တန်းနဲ့ ကိုးကန့် စကားပြောသင်တန်း သင်ကြားပေးမှု အခြေအနေေ ‌လေးပြောပြပါဦး။
DPPA ။ ။ ကျွန်မတိုဆီ သင်တန်းလာတက် ကြတယ်ဆိုပေမယ့် ကလေးတွေနဲ့ သင်တန်းဆရာမ၊ သင်တန်းပိုင်ရှင်လို နေတာ မဟုတ္ဘူး။ ကလေးတွေနဲ့ တရင်းတနှီး မိသားစုပုံစံမျိုးပဲ။ သင်တန်းက မြန်မာငွေ နှစ်သိန်းလောက်ပဲ ယူပြီးတော့ အတတ်သင်ပေးတာ။ သင်တန်းတက်တဲ့ ကလေးတွေကို အလုပ်ရှာပေးတာ။ နောက်တစ်ခုက အလုပ်ရရပါမယ်ဆိုပြီး အာမခံခေါ်တဲ့ သင်တန်းတော့ မဟုတ္ဘူး။ ဒါပေမဲ့ ကြိုးစားပြီး ရှာပေးတယ်။ ရှာပေးတာဖြစ်တော့ ကျွန်မတိုဆီကို သင်တန်းလာတက်တယ်။ တချို ကလေးတွေဆိုရင် သင်တန်းလာတက်တယ်။ သင်တန်းလည်းပြီးရော သူတိုမှာ နေစရာ၊ စားစရာ ပိုက္ဆံမရွိတော့ဘူး။ မရှိတော့ အဲဒီကေလးတွေက သင်တန်းမှာ အလကားဆက်ထားပေးတယ်။ တစ္လကို လေးသိန်းလောက် ကုန်ကျစရိတ်ရှိနေတဲ့ အနေအထားမျိုးမှာ အလကားဆက်ထားပေး တယ်။ ဒီကလေးတွေကို အလုပ်ရဖို ဆက်ထားပေးတယ်။ တချိုကလေးတွေဆိုရင် အလုပ်ရသွားကြ တယ်။ အလုပ်ရသွားကြပြီး နှစ်လ၊ သုံးလအတွင်းမှာ သူတို မိဘအိမ်တွေကို ပုံမွန္လစာ ၁၀ သိန်း၊ ၁၂ သိန်းလောက် သူတို ပြန်ပိုနိုင်ကြတယ်။ ကာစီနိုလုပ်ငန်းတွေမှာ အလုပ်ရပြီးတော့ အဆင်ပြေလို အိမ္ကို ပြန်ပိုနိုင်ကြတာပေါ့။ ဒါပေမဲ့ တိုက္ပြဲတွေလည်း ဖြစ်လာရော သူတိုတစ်တွေမှာ အလုပ်တွေက နားလိုက်ရတဲ့ အခါကျတော့ တစ်ပူပေါ် တစ်ပူဆင့်ပေါ့၊ သူတိုမှာ ဒီအဆင်ပြေနေတဲ့ အလင်းရောင်လေး ရတုန်းပဲ ရှိသေးတယ်၊ ဒီအလင်းရောင်လေးက ပြန်ငုပ်လျှိးသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို သင်တန်းကို အမ်ားဆုံး သင်တန်းလာတက်ကြပြီး အလုပ်ရသွားတဲ့ မိန်းကလေးတွေက ပလောင်နယ်မြေကအဖွဲတွေ ရှိတယ်။ မေကြးက ရှိတယ်။ စစ်ကိုင်းက ရှိတယ်။ စစ်ဘေးသင့်တွေပေါ့။ စစ်ဘေးသင့်တွေ များသောအားဖြင့် လာပြီးတော့ သူတိုနယ်မြေမှာ ဘာမှလုပ်စားလိုမရတော့ လို ရေကြည်ရာ မြက်နုရာလာရှာကြတာလေ။ အဓိကကေတာ့ ကျွန်မတိုအတွက် အရမ်းကြီး အခက်အခဲ မရွိပါဘူး၊ စားသောက်ဖို လက်ထဲမှာ အရင်းအနှီးကျန်ခဲ့ပေမယ့် ဒီကလေးတွေအတွက်တော့ အဆင်မပြေ အခက်အခဲ ဖြစ်သွားတယ်။ သူတိုကို ကြည့်ရတာ စိတ်ထဲမကောင်းဘူး။ ဘာလိုလဲဆိုတော့ အသက်အရွယ်အားဖြင့်လည်း (၃၀)၀န်းကျင်ဆိုတော့ငယ်တယ်။ အလုပ်တစ် ခု လစာကောင်းကောင်း နဲ့ ရသွားပြီးတော့မှ သူတိုဘ၀တွေ ဒီလိုဖြစ်သွားတာ။ ပြီးတော့ မြန်မာပြည်ထဲ ပြန်လာတဲ့ အခါကျတော့လည်း ပြည်တွင်းမှာက တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်။ အလုပ်ပြန်ရှာ တိုးဖို မလွယ်တော့ ဘူး။ ကျွန်မတိုကတော့ ကံကောင်းစွာနဲ့ အဆင်ပြေသွားခဲ့ပေမယ့် လောက်ကိုင်မှာ လခစားဘ၀နဲ့ ဆယ့်လေး၊ ငါးလလောက် အလုပ်လုပ်ခဲ့ရတဲ့ အဖွဲ့တွေကတော့ အနည်းအကျင်း အဆင်ပြေသွား ကြပေမယ့် သုံး၊ လေးလလုပ်ပြီး နားလိုက်ရတဲ့ အဖွဲတွေအတွက်ကျတော့ စိတ်မကောင်းဘူး။ သင်တန်းတက်ပြီးတော့ အလုပ်ထဲ၊ လုပ်ငန်းခွင်ထဲကို ၀င်ခါနီးပြီးမှ တိုက်ပွဲဖြစ်လို ပြန်လာရတဲ့ အဖွဲတွေရှိသလို လုပ်ငန်းခွင်ထဲရောက်လို လစာမထုတ်ရသေးဘဲ ဆယ့်လေး၊ ငါးရက်လောက်နဲ့ ပြန်လာရတဲ့ အဖွဲတွေရှိ တယ်။ သူတိုအတွက်က အရမ်း နစ်နာတာပေါ့။
TREND ။ ။ သင်တန်းတက်ရောက်ပြီးသူတွေကို အလုပ်အကိုင် ရှာဖွေပေးခဲ့ပုံနဲ့ သူတို ဘယ္လို အလုပ်မျိုးတွေ ရသွားကြလဲ။
DPPA ။ ။ သင်တန်းမှာ တရုတ်စကားပြောရှိတယ်။ ဖိုင်ရှိ(ကာစီနို)သင်တန်းရှိတယ်။ ဖိုင်ရှိဆိုတာ က ကာစီနိုရုံထဲမှာ ဖဲဆော့တဲ့ ကောင်မလေးတွေ၊ ဖဲေ၀တဲ့ ကောင်မလေးတွေကို ခေါ်တာ၊ ကာစီနိုဆို တာက ကာစီနိုလိုင်စင်ရပြီးသား နယ်မြေတွေမှာ ဖွင့်တဲ့ ကာစီနို၀ိုင်း တွေပေါ့။ သူဌေးနဲ့ ကုမ္ပဏီနဲ့က တစ်ဖက်၊ အပြင်က လာဆော့တဲ့ လောပန်တွေက တစ်ဖက်ပေါ့။ အဲ့ဒီအခါကျတော့ သူဌေးနဲ့ ကုမ္ပဏီ ဘက္ကို ၀င်လျှောက်ပေးရတယ်။ အဲဒီလိုလျှောက်ရတော့ သူကကျတော့ ကုမ္ပဏီ၀န်ထမ်းပေါ့။ အဲဒီမွာက နံပါတ္တစ္က သန့်ရှင်းရေး၀န်ထမ်းရှိ တယ်။ နံပါတ်နှစ်က စားဖိုမှူး၊ နံပါတ္သုံးက ကာစီနို၀န် ထမ်း၊ ကာစီနိုကောင်မလေးတွေပေါ့။ သူတိုက အချိန်ပိုင်းနဲ့ ၀င်ရတယ်။ ဖဲ၀င်ရိုက်ပေးရတယ်။ သူတိုက ကုမ္ပ ဏီဘက္ကေန ဖဲ၀င်ကစားပေးရတဲ့ ကောင်မလေးတွေ ရှိတယ်။ နံပါတ်လေးအနေနဲ့ ဧည့်ကြို ၀န်ထမ်းရှိတယ်။ သူတိုကလည်း ဧည့်သည်တွေကို နှုတ်ဆက်ရတယ်။ မြန်မာလိုဆိုရင် မင်္ဂလာပါ ဘာညာပေါ့။ နှုတ်ဆက်ရတဲ့ အဖွဲတွေရှိတယ်။ နောက်တစ်ခုက ပေါင်အမ်း(လုံခြုံရေး)တွေရှိတယ်။ သူက သေနတ်မကိုင်ရဘူး။ နံပါတ်တုတ် ကိုင်ရတယ်၊ ယူနီဖောင်း အမဲ၀တ်ထားရတယ်။ အဲဒီလို နေရာတွေမှာ ရှာပေးတယ်။ လစာတွေကတော့ သူ့ရုံက နေပြီးတော့ ငွေဈေးအတက်အကျနဲ့ ရုံအသေးအကြီး အပေါ်မူတည်ပြီး ရကြတာ။ တချို တစ်လသိန်း ၂၀ ကျော်လောက်ရသလို တချို ကလေးမလေးတွေကျတော့ ၁၀ သိန်းလောက်က စရတာ။ ၁၀ သိန်း အကျော်လောက်က စရကြတာ။ တချို ရုံအသေးလေးတွေပေါ့။ တချို ရုံအသေးလေးတွေမှာတော့ ရှစ်သိန်း၊ ၁၀ သိန်း လောက်လည်း ရကြတယ်။ ပြီးတော့ အလုပ်ရရှိမှုကလည်း မိန်းကလေးတွေက ပိုပြီး အလုပ်ရကြတယ်။ ကာစီနိုရုံ တစ်ရုံမှာဆိုရင် မိန်းကလေး အယောက် ၅၀ ခေါ်လိုရှိရင် ယောက်ျားလေးက ငါးယောက်လောက်ပဲ ခေါ်တယ်။ ယောကျ်ားလေးက တရုတ်စကား ကျွမ်းကျွမ်းကျင်ကျင် မတတ္ဘူး။ ရုပ်ရည်ရူပကာ သိပ္မရွိ ဘူးဆိုရင်တော့ လုံခြုံရေးပေါ့။ ရုပ်ရည်လည်းရှိ အသက်ငယ်တယ်ဆိုရင်တော့ ဖိုင်ရှိတွေကို ပြန်အုပ်ချုပ်ရတဲ့ နေရာမျိုးမှာ အလုပ်ခန့်တာပေါ့။ သင်တန်းကနေ ၂၀၂၂ ခုနှစ် ၁ လပိုင်း လောက်ကနေ အလုပ်ရှာပေးခဲ့တာ။ သင်တန်းစဖွင့်တဲ့ အချိန်ကနေ အလုပ်ရသွားတာက လူပေါင်း ၁၀၀၀ ကျော်တယ်။ ကျန်တဲ့သင်တန်းတွေကို မပြောသေးဘူး။ ကျွန်မတို သင်တန်းကနေ အလုပ်ရှာပေးခဲ့တယ်။ သူတိုတစ်တွေ အနိမ့်ဆုံးတော့ ရှစ်သိန်းလောက် အိမ္ကို ပြန်လွှနိုင်ခဲ့ကြပါတယ်။

TREND ။ ။ ကာစီနိုရုံတွေ လုပ်ငန်းဆက် မလုပ်တာ ပိတ်သွားကြတာတွေကရော ဘာကြောင့်လို သိရလဲ။
DPPA ။ ။ ဒီအခြေအနေကြီး မဖြစ်ခင်ကာလက တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံက ကျားဖျန့် လုပ်ငန်းတွေ၊ ငွေလိမ်တဲ့လုပ်ငန်းတွေ မထားသင့်ဘူးဆိုပြီး စဖမ်းခိုင်းတယ်။ စဖမ်းခိုင်းတာက '၀'ပြည်နယ်မှာ စဖမ်းခိုင်းတာ။ '၀'ပြည်နယ်မှာ စဖမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လောက်ကိုင်က က်ား ဖျန့်လုပ်ငန်းတွေကိုလည်း ဖမ်းမယ်လို သတင်းထွက်လာတဲ့အချိန်မှာ သူတို ဘယ္လို ဆက်စပ်မှုရှိလဲ မသိဘူး။ ရုံကြီးတွေ  တော်တော်များများက ပိတ်သွားတယ်။ ပိတ်သွားတော့ တိုက္ပြဲတွေ မဖြစ်ခင် လုပ်ငန်းတွေက နှောင့်နှေးသွားတယ်။ ပြီးရင် အဲ့ဒီအထဲမွာ လုပ်နေတဲ့ ကေလးမေတြက အလုပ္နား ခံလိုက်ရတယ်ပေါ့။ ရုံတွေကတော့ အသေးလေးတွေရော၊ အကြီးကြီးတွေရော လောက်ကိုင်မှာက ရုံပေါင်း ၁၅၀ လောက်ရှိတယ်။ ဒါက တရား၀င်ရုံတွေပေါ့၊ လမ်းဘေး နားမွာ ဖွင့်ထားတယ်။ ဖွင့်ထားပြီးတော့ သူဌေးတွေ ဘယ်လိုလူမျိုးဖြစ်ဖြစ် ၀င်ဆော့လိုရတဲ့ ရုံတွေပေါ့။ တချိုရုံတွေက ခြံတွေ၊ အလုပ်ပိတ်ပြီးတော့မှ ဒီအထဲမွာ VIP ရုံတွေရှိတယ်။ VIP ဆိုတာ သူတို သတ်မှတ်ထားတဲ့ လူတွေပဲ ၀င်ဆော့လိုရတဲ့ ရုံတွေပေါ့။ အဲဒီလိုရုံတွေတော့ ဘယ်လောက်ရှိမယ် မသိဘူး။ မျက်စိနဲ့ မြင်ရသလောက် ကေတာ့ ရုံ ၁၅၀ လောက် ရှိမယ်။

TREND ။ ။ လောက်ကိုင်မှာ တရုတ်စကား ပြော သင်တန်းဖွင့်လှစ်ခဲ့ဖူးသူအနေနဲ့ ဒီကျားဖျန့် လုပ် ငန်းနဲ့ပတ်သက်ပြီး နားလည်သိရှိရသလောက် ပြန်ရှင်း ပြပေးပါဦး။
DPPA ။ ။ ကျားဖျန့်လုပ်ငန်းက အပိုင်းနှစ် ပိုင်းရှိတယ်။ တစ်ပိုင်းက Information အပိုင်း၊ နောက် တစ်ပိုင်းက လိမ်ရတဲ့အပိုင်းက Chatting အပိုင်းပေါ့။ အဲဒီတော့ ကျားဖျန့်တွေက အလုပ်ခေါ် ရင်တော့မှ Information နဲ့ Chatting အပိုင်းဆိုပြီး နှစ်မျိုးနဲ့ခေါ်တယ်။ Chatting ပိုင်းဆိုရင် လစာပိုများတယ်။ Information ပိုင်းက လစာနည်းတယ်။ အဲဒီမွာ သူတို အလုပ်လုပ်တဲ့ ပုံစံတွေကို သွားတွေ့ရတယ်။ ကိုယ်တိုင်မ လုပ်ဖူးပေမယ့် အဲဒီကျားဖျန့် လုပ်ငန်းထဲက Information အပိုင်းက လူ လိုတယ်ဆိုပြီး အရင်တုန်းက အွန်လိုင်းမှာ  ပေါ်ပေါ်တင် တင်နဲ့ ခေါ်နေတာတွေရှိခဲ့တယ်။ ခေါ်တော့ မြန်မာပြည် ရန္ကုန္က အဖွဲတွေတို၊ မန္တလေးက အဖွဲတွေတိုကို သူတို ကုမ္ပဏီက ကားတွေနဲ့ တိုက်ရိုက်စီစဉ်ပေးပြီး ခေါ်ခဲ့ တာတွေ ရှိခဲ့ဖူးတယ်။ အဲဒီလိုမျိုး ခေါ်တဲ့အခါကျတော့ မြန်မာပြည်က ကလေးမလေးတွေက အဲဒီကို သွားလုပ်ကြတယ်။ သွားလုပ်တော့ အိပ်ရေးပျက်တဲ့ ဒဏ်ရှိမယ်၊ Pressure ဒဏ်ရှိမယ်၊ အဲဒီဒဏ်တွေကို မခံနိုင်တဲ့အခါကျတော့ အဲဒီထဲမွာ တစ္လ၊ နှစ်လလောက်နေပြီး ရတဲ့ပိုက္ဆံတွေယူပြီး ထွက်လာကြ တာ။ အဲဒီလိုထွက်လာပြီး ကျွန်မတို သင်တန်းကို လာတက်တဲ့အခါကျတော့ ကျွန်မတိုလည်း က်ား ဖျန့်ကို နားမလည်တော့ မေးကြည့်တာပေါ့။ သူတိုရဲ့ တစ်ဆင့်ပြောပြချက်အရ သိရတယ်။ ကိုယ်တိုင် တော့ မလုပ်ခဲ့ဖူးဘူး။
အဲဒီကေန ထွက်လာသူတိုပြောပြတာကတော့ အရင်ဦးဆုံး သူတိုချပေးတဲ့ Network ကနေပြီး တော့၊ သူတိုချပေးတဲ့ Social ကနေပြီးတော့ သူတို သတ်မှတ်ထားတဲ့နိုင်ငံ၊ ဥပမာ သူတို ပစ်မှတ်ထား တာက ကေနဒါ ဆိုလိုရှိရင် ကေနဒါ Network ထဲကို ၀င်တယ်။ ၀င်ပြီးတော့ အဲဒီကေန သူတို သတ်မှတ်ထားတဲ့ အသက်အပိုင်း အျခား၊ သူတို သတ်မှတ်ထားတဲ့ ခန့်မှန်း Background ရွိတဲ့သူကို ရှာပြီးတော့ ချဉ်းကပ်တာပေါ့။ ပြီးရင် ရင်းနှီးအောင် လုပ်တယ်ပေါ့။ ရင်းနှီးအောင်လုပ်ပြီး သူတိုနဲ့ အဆက်အသွယ်ရပြီဆိုတာနဲ့ အဲဒါက Information တောင်းတဲ့အပိုင်းက ပြီးသွားပြီ။ အဲဒီရလာတဲ့ အချက်အ လက်တွေ အကုန္လုံးကို စုပြီးတော့ ဒီဘက္က တရုတ်တွေပေါ့၊ တရုတ်တွေဆီကို ပြန်အပ်ပေးရတယ်။ အပ် ပြီးရင် အဲဒီတရုတ်တွေကမှ ပတ်လိမ်တာပေါ့။ ပြောရရင် နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ Network ထဲကို ၀င်ပြီးတော့ အဲဒီမွာ ရုပ်ရည်လေးကလည်းရှိ၊ အသက်ကလည်း (၃၀) အထက်ဆိုပါစို၊ နောက်ပြီးတော့ Background ကလည်း ရှိလောက်မယ်ဆိုရင် မိန်းကလေးပုံစံမျိုးနဲ့ စကားတွေ၊ ဘာတွေ ၀င်ပြောရတာပေါ့။ Facebook မွာ Hi ဘာညာ နှုတ်ဆက်ပြီး စကားတွေ၊ ဘာတွေ ၀င်ပြောရတယ်။ အဲဒီကေန ရင်းနှီး သွားပြီဆိုရင် Video Call  တို၊ Video Call  တို လုံး၀မခေါ်ဘဲနဲ့ သုံး၊ လေးရက်လောက် ဆက်သွယ်စာပိုပြီး ပုံမွန္စကား ပြောခိုင်းတယ်။ ဥပမာ ဒီနေ့မနက် ၁၁ နာရီလောက် စကားပြောထားတယ်ဆိုရင် နောက်နေ့ ၁၂ နာရီ၊ နောက်တစ်နေ့ မွန်းလွဲ ၁ နာရီလောက် အဲဒီလိုအချိန်တွေ ပြောင်းပြောင်းပြီးတော့ အမှတ်တမဲ့တွေ့တဲ့ပုံစံမျိုးနဲ့ စကားတွေပြော၊ သူတိုနဲ့ ရင်းနှီးမှုယူလိုက်တယ်။ ရင်းနှီးမှုယူပြီးတော့ အချက်အလက်တွေ အကုန် လုံးရယူပြီးသွားနဲ့ အဲဒီ Information အပိုင်းက ပြီးသွားပြီ။ အဲဒီ အချက်အ လက်တွေကို ဟိုဘက္က Chatting  ထိုင်ပြီး လိမ်ရမယ့်သူတွေဆီကို ပိုပေးရတယ်။

TREND ။ ။ Information အပိုင်းက အွန်လိုင်းကနေ အချက်အလက်တွေရအောင် ယူတယ်ဆိုတာက ဘယ်လို အချက်အလက်တွေ အဓိကထားပြီး ရအောင်လုပ်တာလဲ။
DPPA ။ ။ ကိုယ်ရေးအချက်အလက်တွေရအောင်လုပ်တယ်။ Whats App အကောင့် တောင်းတယ်၊ Telegram အကောင့်တောင်းတယ်။ Instagram သုံးတဲ့ နံပါတ်တောင်းတယ်။ အဲဒါတွေရတာနဲ့ Chatting ပိုင်း သမားကိုပေးရတာ။ Chatting ပိုင်းမှာကျတော့ Video Call မော်လ်ဒယ်ဆိုတာ ရှိတယ်။ သူတိုအတွက် Video Call ပြောပြီး Chat နိုင်တဲ့ မော်လ်ဒယ်ပေါ့။ အင်္ဂလိပ်လိုလည်း ကျွမ်းရမယ်၊ ရုပ်ရည်လည်း ရှိရမယ်၊ အဲဒီလို ကောင်မလေးတွေကို ခန့်ထားပြီးတော့ Video Call ကေန စကားပြန်ပြောခိုင်းတာ။ ဥပမာ သူလုပ်တဲ့ လုပ်ငန်းထဲကို ရှယ်ယာ၀င်ခိုင်းတာတိုပေါ့။ ပြောရရင်တော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားတဲ့ အခါကျတော့ ငါကေတာ့ ဘာလုပ်ငန်းရှိတယ်။ ငါ့လုပ်ငန်းက ဘယ်လောက် အကျိုးအမြတ်ရတယ်ပေါ့။ အဲဒီကေန ယုံအောင်ပြောပြီး လိမ်ကြတာ။ ပြောရရင် ရှယ်ယာ၀င်ခိုင်း တာပေါ့။ အဲ့ဒီလိမ်နည်းက တစ်မျိုး၊ အဲဒါက ကုမ္ပဏီတစ်ခုက လုပ္တာ။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု သုံးတဲ့ လမ်း ကြောင်းတွေတော့ မတူဘူး။ တချိုကုမ္ပဏီတွေကျတော့ Cryptocurrency လမ်းကြောင်းပေါ့၊ ဘယ်လိုပြောရမလဲဆိုရင် ကမ်ဘာ့ ငွေရေးကြေးရေး ဆက်သွယ်ပေးေ၀မှု လမ်းကြောင်းကနေ လိမ်တာတွေလည်း ရှိတယ်။ Cryptocurrency လမ်းကြောင်းက လိမ်တာတွေကျတော့ သူတိုကိုယ်တိုင် Cryptocurrency ဆီမွာ တကယ်ရှယ်ယာ၀င် ပုံစံမျိုး ဟန်ဆောင်ထားပြီးတော့မှ Customer တွေဆီက ပြန်လိမ်တာပေါ့။ အခြေခံတူညီတဲ့ အခ်က္ကေတာ့ Information တောင်းတာ။ မြန်မာနိုင်ငံက လူတွေတော် တော်များများကိုလည်း အဲဒီ Information တောင်းတဲ့ အပိုင်းမှာ ခေါ်ပြီးသုံးတယ်။

TREND ။ ။ နိုင်ငံဒေသချင်းမတူညီတဲ့ အခြေအနေမှာ တစ်ဖွဲ့လုံးက ကိုယ့်ကို ယုံကြည်လာအောင် ဘယ်လို နည်းလမ်းတွေသုံးပြီး လုပ်ဆောင်ကြတာလဲ။
DPPA ။ ။ သူတိုက အစကတည်းက လိမ္ထားတာကိုး။ လိမ္ထားတာဆိုတော့ သူတိုရဲ့ ရုပ်အမှန် ကို မျပဘူး။ ပြီးတော့ Video Call မော်လ်ဒယ်ဆိုတာလည်း သူတိုကို ဘယ်လိုပြောရမယ်ဆိုတာ သင်ပြပေး ထားတာ။ ပြီးတော့ Video Call ပြောတဲ့ တရုတ်ဆော့၀ဲလ် တော်တော်များက ဘယ်လောက်ပဲ ရုပ်ဆိုး ရုပ်ဆိုး ဖုန်းထဲမှာ ကြည့်လိုက်လိုရှိရင် လိုချင်တဲ့ ပုံစံထြက္ကို ထွက်လာတယ်။ ပြောရမယ်ဆိုရင် ၃၆၀ ကင်မရာလိုမျိုးပေါ့၊ ရုပ်ကို ပြောင်းပစ်နိုင်တဲ့ ဆော့၀ဲလ်ပေါ့။ သူတိုမှာ အဲဒီလို ဆော့၀ဲလ်တွေရှိတဲ့ အခါက်တော့ ကိုယ်ဘယ်မှာ နေလဲ သွားမပြောဘူး။ ဥပမာ ကျွန်မက UK ကပါဆိုပြီး သွားမပြောဘူး။ ဒါပေမဲ့ ကျွန်မ UK ကို ရောက်နေတဲ့ ပုံစံမျိုးကို ဓာတ်ပုံရိုက်ပြီးတော့ သူနဲ့ ရင်းနှီးနေတဲ့ အကောင့် တစ်ချို့မှာ သူမြင်သာအောင် အမြဲတမ်း တင်ပေးနေတာ။ အဲဒီအခါကျတော့ သူ့ရဲ့စိတ်ထဲမှာ ကျွန်မ ဘယ်ကပါဆိုပြီး မမေးဘဲနဲ့ သိနေတာပေါ့။

TREND ။ ။ ဘယ်နိုင်ငံတွေက အဓိကပစ်မှတ်ထားပြီး ဒီကျားဖျန့်ကို လုပ်ကိုင်နေကြတာလို သိရလဲ။
DPPA ။ ။ တော်တော်များများက စာရွက်ထဲမှာ ဘယ်နိုင်ငံ၊ ဘယ်နိုင်ငံဆိုပြီး ရေးပေးထား တယ်ပြောတယ်။ ရေးပေးထားပြီးတော့ သူတို သတ်မှတ်ထားတဲ့ နိုင်ငံတွေရဲ့ Network တွေထဲကို ၀င်ရှာရ တာပေါ့။ ၂၀၂၂ အတောအတွင်းမှာ ကျားဖျန့်က သူတို ပထမဆုံး စလိမ္တာက အနောက်ဥရော ပနိုင်ငံတွေ၊ ၂၀၂၃ ထဲမှာကျတော့ သူတိုရဲ့ပစ်မှတ်က တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံကိုလည်း မရှောင်တော့ ဘူး။ တရုတ်နိုင်ငံကို ပြန်လိမ်လာတာပေါ့။ တရုတ်လူမျိုးတွေကပဲ တရုတ်ကို ပြန်လိမ်တာ။ ဥပမာ မြန်မာနိုင်ငံမှာ ကွန်ပျူတာထဲကို ငါ့နာမည်က မင်းမင်းဆိုပြီး ရိုက်ထည့်လိုက်မယ်၊ Translate လုပ်မယ်။ အဲဒီလို ရိုက်ထည့်လိုက်ရင် အင်္ဂလိပ်လိုကျတော့ တိတိကျကျမပေါ်ဘူး။ ဒါပေမဲ့ ထူးဆန်းတာက သူတိုတရုတ်တွေက သူတိုဘာသာစကားနဲ့ ရိုက်ထည့်ရင် တစ်ဖက်မှာ အင်္ဂလိပ်လို သွားပေါ်တယ်။ သူတိုနိုင်ငံက Translate လုပ်ပေးတဲ့ ဆော့၀ဲလ်က အရမ်းကောင်းတယ်။ အင်္ဂလိပ် နဲ့တရုတ်ဘာသာစကား ထဲမွာ လုံး၀ကို ကြက္တိ Translate လုပ်ပေးတာ။ "ဖင်ယင်း"လို ခေါ်တယ်။ ပေါင်းဆိုရင် အင်္ဂလိပ်လိုပေါင်း Pinyin လိုခေါ်တယ်။ အင်္ဂလိပ်လို ရှောင်မိန်လို ရေးမယ်ဆိုရင် တရုတ်လိုအရင် အင်္ဂလိပ်စာ ရိုက်လိုက်တာ။Y ပြီးတော့ I ရဲ့အပေါ်မှာ တုတ်ချောင်းလေး စောင်းနေတာလေး ရိုက်လိုက်တာ။ အဲဒီလို မျိုးYI လို တရုတ်လို တွဲရိုက်လာတာနဲ့ သူတိုရဲ့ တရုတ်ဘာသာနဲ့ ရှောင်လိုပေါ်ပြီးသားပဲ။ ဒါက ဖင်ယင်း ကို အနည်းငယ် လေ့လာသူတွေပေါ့။ အဲဒီလိုမျိုး  ဆော့၀ဲလ်တွေ သုံးတဲ့အခါကျတော့ အင်္ဂလိပ်စကားကို တတ်စရာလည်း မလိုဘူး၊ နားလည်စရာလည်း မလိုဘူး။ 

TREND ။ ။ ကျားဖျန့်လုပ်တဲ့ တရုတ်လူမျိုး တွေရဲ့ အကျိုးအမြတ်ကျတော့ရော ဘယ်လိုရနေကြတာ လိုသိရလဲ။
DPPA ။ ။ သူတိုက လောင်းကစားလုပ်တဲ့ ပုံစံမျိုး၊ ဒါကြောင့်လည်း အွန်လိုင်းလောင်းကစားလို ခေါ်တာပေါ့။ အရင်းအနှီးကြီးတယ်။ လောက်ကိုင်မှာက ၁၀ ထပ်တိုက်၊ ၁၅ ထပ်တိုက်တွေဆိုတော့ အဲဒီကျားဖျန့် လုပ်ငန်းပိုင်ရှင်တွေက လောက်ကိုင်ထဲက သူဌေးတွေရှိ သလို၊ တရုတ်ပြည်မကြီးကနေ လာရောက်လုပ်ကိုင်နေ တာတွေရှိတယ်။ ပြောရမယ်ဆိုရင် တရုတ်ပြည်မကြီးကနေ တရား၀င်လမ်း ကြောင်းကမဟုတ်ဘဲ ခိုး၀င်လာပြီး တော့ ဒီဘက်နိုင်ငံမှာ စီးပွားရေးလာလုပ်တဲ့ သူဌေးတွေရှိ တယ်။ မြန်မာပြည်ထဲကို ၀င်လာတယ်၊ ကျားဖျန့်လုပ်တော့ မယ်ဆိုလိုရှိရင် နံပါတစ်အချက် Chatting ပိုင်းအတွက် နည်းပညာရှင်တွေ ခေါ်ရတယ်။ လိမ်တဲ့ ပညာရှင်တွေ ခေါ်ရတယ်။ ပြီးလိုရှိရင် Information ပိုင်းအတွက် ၀န်ထမ်းတွေခေါ်ရတယ်၊ ဒါက နှစ်အချက်။ နောက် သုံးအချက်က ကျားဖျန့်လုပ်ငန်းက ၀န်ထမ်းစခေါ် ကတည်းက အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ သွားရုံပဲ။ အိပ်ခန်းထဲမှာ အိပ်ရာခင်း၊ ဆပ်ပြာ၊ သြား တိုက္သံ၊ ခေါင်းလျှော်ရည် အဲဒါတွေကအစ အဲဒီ၀န်ထမ်းအတွက် စီစဉ်ပေးတာ။ အဲဒီကုန်ကျစရိတ် တွေရှိတယ်။ ပြီးတော့ အဲဒီကုမ္ပဏီကြီး တစ်ခုလုံးအတွက် လုံခြုံရေး၊ အဲဒီလုံခြုံရေးက အထဲက လူတွေလိမ်ပြီးသွားရင် အဲဒီပိုက္ဆံက အပြင်ကိုမထွက်ဘဲနဲ့ သူတိုဆီကို တိုက်ရိုက်ပြန်၀င်လာအောင်၊ ထွက်မ ပြေးအောင်ပေါ့၊ ကျားဖျန့်ကနေ ထွက်ပြေးလို ရိုက်သတ်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်တွေရှိတယ်။ အဲဒီလို ထွက်ပြေးလို မရအောင် အပြင်မှာ လက်နက်ကိုင် ပြည်သူ့စစ်ဆိုပြီးတော့ လက်နက်ကိုင်တွေ ခန့်ထားတာရှိတယ်။ အဲဒီလက် နက်ကိုင်တွေက အဲဒီကုမ္ပဏီရဲ့ လုံခြုံရေး၊ ပြီးရင် အဲဒီကုမ္ပဏီထဲ ကလူတွေ အပြင်မထွက်ဖိုအတွက် လုံခြုံရေး။နောက်ပြီး ကျားဖျန့်တွေက ကုမ္ပဏီတစ်ခုနဲ့ တစ်ခုပေါ့။ ဥပမာ ကုမ္ပဏီ A မွာ အရမ်းကြီး ထူးထူးချွန်ချွန် လိမ်နိုင်တဲ့သူရှိပြီဆိုရင် တခြားကုမ္ပဏီတွေကလည်း အဲဒီတစ်ယောက်ကို မျက်စိကျနေတာ။ မျက်စိကျနေတဲ့အခါကျတော့ အဲဒီတစ်ယောက်ကို ၀င်လုတာ မျိုးတွေရှိတယ်။ အဲဒီလို ၀င်လုလိုမရအောင် လက်နက်ကိုင်တွေ ထားရတယ်။ ကုမ္ပဏီတွေက လုံခြုံရေး အတွက် ငှားမယ်ဆိုရင်လည်း ခြောက်လအပြတ်၊ တစ်နှစ်အပြတ် အဲဒီလိုငွားရတာ။ ငွားတဲ့အခါမွာ လည်း ရန်ကုန်မှာလိုမျိုး ဘယ်အလွှာကတော့ ဘယ်ကုမ္ပဏီ၊ ဘယ်နှလွှာ ဘယ်ကုမ္ပဏီဆိုတာ မျိုး ရောမထားဘူး။ ကုမ္ပဏီတွေ ရောမထားဘူး။ အဲ့ဒီလို ငှားထားတော့ အပြင်က ၀င်ချင်တိုင်း၀င်လို မရသလို၊ ကုမ္ပဏီရဲ့ အဲကွန်းပိုင်း၊ Network ပိုင်း၊ Wifi ပိုင်းတွေကို Service ပေးတဲ့သူတွေတောင် အလြယ္တကူ ၀င်လိုမရတော့ဘူး။ အဲဒီလို ဖန်တီးပေးထားတဲ့အတွက် ကုန်ငွေကျငွေက အများကြီးရှိနေတယ်။ အဲဒီအထဲမွာ ပြောရမယ်ဆိုရင် သူတိုလိမ်လိုမှ ဥပမာ ဒေါ်လာတစ်သိန်း ပေါက်သွားပြီ ဆိုလိုရှိရင် သူတိုငွေနဲ့ ပြန်တွက်မယ်ဆိုရင် အများကြီး ဖြစ်သွားပြီလေ။ ဒေါ်လာက ၂၈၀၀ ပဲထားပါ၊ တရုတ်ငွေက ၄၀၀ ပဲ ရှိတယ်။ အဆပေါင်းများစွာ ကွာသွားတာလေ။ အဲဒီအခါကျတော့ ပေါက်ပြီဆိုရင် မ်ား တယ်လိုပြောတယ်။ တစ်ခါတစ်ခါပေါက်ရင် ဒေါ်လာကို သိန်းဂဏန်းလောက်အထိ ပေါက်တယ်ပြော တယ်။ ပေါက်တယ်ဆိုတာက အဲဒီကောင်မလေးတွေ ပြောပြတာကတော့ အကောင့်ပေါက်တာကို ဆိုလိုတာပေါ့။ ဥပမာ အကောင့်တစ်ခုနဲ့ Chatting ထိုင်တယ်ဆိုရင် အဲဒီအကောင့်က ပေါက်သွားတယ်၊ လိမ်လိုရသွားတယ်၊ တစ္ဖက္ကလူက ယုံသွားတယ်ပေါ့။ သူ့ဆီကနေ ငွေ ကြေးလိမ်လိုရတယ်ကို ဆိုလို တာပေါ့။

TREND ။ ။ ငွေကြေးစီးဆင်းမှု၊ ငွေရေးကြေး ဆက်သွယ်ပေးဝေမှုတွေကိုရော သူတို ဘယ်လိုနည်းလမ်း၊ ဘယ်လိုလမ်းကြောင်းတွေနဲ့ လုပ်ကြတာလဲ။
DPPA ။ ။ ကျွန်မတို မြန်မာနိုင်ငံမှာ ကျားဖျန့်လုပ်ငန်းကို ရုံးချုပ်ထိုင်ပြီး လာလိမ်လို ကျွန်မတို မြန်မာနိုင်ငံက တကယ့်တကယ် အလိမ်ခံရတဲ့နိုင်ငံပေါ့။ ကျားဖျန့်လုပ်ငန်းကို လက်ခံတဲ့ပုံစံမျိုးနဲ့ လောက်ကိုင်မှာ နာမည်တွင်သွားတယ်။ လောက်ကိုင်မှာ ကျားဖျန့်လုပ်ငန်းတွေ လာပြီးတော့ ထူထောင်တယ်၊ ရှိတယ်ဆိုပြီး နာမည်တွင်သွားတဲ့ ပုံစံမျိုးပဲ ရှိတယ်နော်။ တကယ့်တကယ်ဆိုရင် ကျားဖျန့်လုပ်ငန်းရဲ့ မုဆိုးတွေက နိုင်ငံတကာမှာ ရှိနေတယ်။ ဥပမာ- ကျွန်မက မြန်မာနိုင်ငံက ထိုင်ပြီး တော့ ကျားဖျန့်လုပ်ငန်းကို လိမ်ခဲ့တယ်ဗျာ၊ ဒါပေမဲ့ အဲဒီအလိမ္ခံရတဲ့သူက ကျွန်မအကောင့်ထဲကို ငွေသွား ထည့်ဖိုအတွက်ကို သူတို နိုင်ငံမှာရှိတဲ့အကောင့် တစ်ကောင့်ကနေမှ သွားထည့်မှ ရမွာ။ အဲဒီအကောင့်က တရား၀င် အကောင့်ပေါ့။ လုပ်ငန်းလုပ်နေတဲ့ လူတစ် ယောက်က သူ့အကောင့်ထဲ ကေန ကျွန်မအကောင့်ထဲကို တိုက်ရိုက်လှမ်းထည့်လိုမရဘူး။ ကျွန်မကလည်း ဒီဘက္က တိုက်ရိုက်လက်ခံလို မရဘူး။ ဆိုတော့ သူတိုရဲ့ ငွေ ကြေးစီးဆင်းမှုက ဘယ္လို စီးဆင်းတာလဲ ဆိုတော့ ဥပမာ - ကျွန်မက UK က တစ်ယောက်ကို လိမ်တော့ မယ်ဆိုရင် UK မွာ ဖောက်ထားတဲ့ ကျွန်မ အကောင့်တစ်ကောင့်က ရှိကိုရှိရမယ်။ ရွိ တော့မှ UK က တစ်ယောက်က သူ့ရဲ့အကောင့်ထဲမှာရှိတဲ့  ပိုက္ဆံကို လွှပေးရမှာ။ အဲဒီ အကောင့်ကနေတစ်ဆင့် ကျန်တဲ့နေရာကို ပြန်သွားမှာလေ။ တိုက်ရိုက်မ လွှဘူး။ ကျွန်မဆီကို တိုက်ရိုက်လွှတာ မဟုတ္ဘူး။ အဲဒီလိုမျိုးရှိတဲ့ အခါကျတော့ UK က တစ်ယောက်ကို လိမ်မယ်ဆိုရင် UK မှာရှိတဲ့ အိမ်ခြေယာမဲ့တွေမှာ အကောင့်တွေရှိတယ်။ အဲဒီလူတွေဆီက အကောင့်တွေကို ဈေးကောင်းပေးပြီး ပြန်၀ယ်ပြီးတော့ ဖန်တီးထားတာပေါ့။ ဆိုတော့ သူတိုက Network ကို အကြီးကြီး ချဲ့ထားကြတယ်။ 

TREND ။ ။ လစာကောင်းတဲ့ အလုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ လိမ်လည်ခံရတဲ့သူတွေ နှိပ်စက်ခံရတာ၊ ခြိမ်းခြောက်ခံခဲ့ရတဲ့ လူရောင်းစားတာတွေ ရှိတယ်ဆိုပြီး ကြားရပါတယ်။ ပြီးတော့ ကျားဖျန့်ငွေလိမ်တဲ့ လုပ်ငန်းတွေဖမ်းတော့ ကာစီနိုတွေပါ ဖမ်းတယ်ဆိုတော့ ကာစီနိုနဲ့ ကျားဖျန့်နဲ့ ဆပ်စပ်မှုက ဘယ်လိုရှိနေလဲ။ အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်လို သိရသလောက် ပြောပြပါဦး။ 
DPPA ။ ။ တရုတ်နိုင်ငံမှာက ဘယ်အလုပ် ကို ကျွမ်းကျင်လိုရှိရင်၊ ဘယ်နှတန်းအောင်ရင် ဘာရာထူးနဲ့ ဘာအလုပ်လုပ်ရမယ်။ လစာက တရုတ်ငွေ ၅၀၀၀ လောက်ရမှာပေါ့။ တရုတ်ငွေ ၅၀၀၀ ဆိုတော့ သူ့နိုင်ငံ အတွက် သာမန်အနေအထားပဲရှိတယ်။ အဲဒီလိုဆိုတော့ တရုတ်ပြည်က ပညာတတ် တွေပေါ့။ လောက်ကိုင် မွာ အလုပ်လုပ်ရမယ်။ ဥပမာ တရုတ်ဗီဇာပိုင်းတို၊ Management အပိုင်းတို အမျိုးမျိုး ခေါင်းစဉ်တပ်ပြီး ခေါ်ကြတာပေါ့။ လစာကိုလည်း တစ်သောင်းခွဲ၊ နှစ်သောင်း ရမယ်ဆိုတာမျိုးပေါ့။ ပြီးတော့ အတွေ့အကြုံလည်း မလိုဘူးဆိုပြီးခေါ်တော့ မက်ပြီးရောက်လာတဲ့ တရုတ်လူငယ် တွေရှိတယ်။ အဲဒီလို တရုတ်လူငယ်တွေ ရှိသလိုမျိုးပဲ တရုတ်သူဌေးတွေလည်း လာကြတယ်။ လောက်ကိုင်ဆိုတာက ဒုတိယ မကာအိုလို ပြောလိုရတယ်။ ဒုတိယ မကာအိုဆိုတာက အေပ်ာ္အပါး၊ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အေပ်ာ္အပါး၊ ဘိန်းဖြူ၊ အိုက်စ် စသည်ဖြင့် ပိုက်ဆံရှိရင် သုံးလိုရတယ်။ လမ်းဘေးမှာတော့ မဟုတ္ဘူး။ ဟိုတယ်ထဲမှာ Free လုပ်လိုရတဲ့ အေနအထား။ ရုရှားမလေးနဲ့အတူတူ အိပ္မလား၊ ကိုရီးယားမလေးနဲ့အတူတူ အိပ္မလား အဲဒီလိုအကုန်ရတယ်။ အဲဒီလိုမျိုးရတော့ တရုတ်လူမျိုးတွေက မြန်မာလူမျိုးထက်စာရင် လောင်းကစား ပိုမက်တယ်။ အဲဒါကြောင့် တရုတ်နိုင်ငံက သူဌေးတွေက ဒီကိုလာဆော့ကြတယ်။ လာဆော့ကြတော့ ရံှးတယ်။ ကာစီနိုလုပ်ငန်းက အရမ်းရိုးရှင်း တယ် လိုမထင်နဲ့၊ ကာစီနိုလုပ်ငန်းမှာလည်း မရိုးရှင်းတဲ့ အပိုင်းတွေရှိတယ်။ ကာစီနိုမှာ ဖဲသရဲဆို တာရှိတယ်။ ယုံမယုံကေတာ့ တစ်ပိုင်းပေါ့။ ဖဲသရဲဆိုတာ ကုမ္ပဏီ A က ဖဲရုံအကြီးကြီးကို ပိုင်ဆိုင်တယ်။ ကုမ္ပဏီ A ကေန တရား၀င် ပြန်မွေးထားတာပေါ့။ သူတိုက မြန်မာလူမျိုးတွေမွေးတာ မဟုတ္ဘူး။ ဟိုဘက္က တရုတ်တွေကိုပဲ ဖဲသရဲပြန်မွေးတာ။ အဲဒီဖဲသရဲက အိမ်ထောင်ကျလိုမရဘူး။ အပျိုဖြစ်ရ မယ်။ ရုပ်ရှည်လည်း အသင့်အတင့်ရှိရမယ်။ သူတိုသတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီတယ် ပြည့်စုံရမယ်ပေ့ါ။ အဲဒီကောင်မလေးတွေက သာမန်ရိုးရိုး၀င်ကစားရတဲ့ ဖိုင်ရှိကောင်မလေးတွေထက် လစာပိုများတယ်။ သရဲလုပ်ရတယ်ပေ့ါ။ သူတို ဂါထာမန္တာန် အတတ်ပညာတွေနဲ့ အသားတွေဆို ရင်လည်း အစိမ်းတွေစားရတယ်။ သူတို အကျင့်အကြံတွေကို ကျင့်ကြံပြီးတော့ပေါ့။ ပြောရမယ်ဆိုရင် မှော်အတတ်ပညာပေါ့။ သူတို တရုတ်လို အခေါ်တစ်ခုရှိတယ်။ အဲဒီအတတ္ကို တတ်အောင် သင်ခိုင်း ထားတာ။ အဲဒီကောင်မလေးတွေကို အမြဲတမ်းလာမဆော့ခိုင်းဘူး။ တရုတ်နိုင်ငံက တကယ့် ထိတ်ထိတ်ကြဲ သူဌေးတွေ လာဆော့ပြီဆိုမှ အဲဒီဖဲသရဲ ကောင်မလေးတွေကို ထိုးထည့်ပေးလိုက်တာ။ အဲဒီ ကောင်မလေးတွေက ဒိုင်ဘက်ကနေ ဆော့ပေးတာ၊ ဆော့တိုင်းနိုင်တယ်ပေါ့။ အဲဒီမွာ လောက်ကိုင်မှာက ဘယ်လောက် ဆိုးခဲ့လဲဆိုရင် တရုတ်လူမျိုးတစ်ယောက် သူ့အိတ်ထဲက ပါလာတဲ့ ပိုက္ဆံကို ကုန်အောင်ဆော့လိုက်မယ်။ ကုန်သွားပြီဆိုရင် ဆက်ဆော့ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ငါးသိန်းနဲ့ ပေါင်လိုရတယ်။ တရုတ်ငွေ ယွမ်ငါးသိန်းနဲ့ ပေါင်လိုရသလို၊ ၁၀ သိန်းနဲ့လည်း ပေါင် လိုရတယ်။ လူကိုပေါင်ပြီးတော့ ဆော့မယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ပေါင်ပြီးဆော့ရော ဒိုင်ဘက်က ဖဲသရဲ နဲ့ဆိုတော့ သူတိုနိုင်အောင် မဆော့နိုင်ဘူး။ သာမန် ကံတရားနဲ့ယှဉ်ပြီး ဆော့ရတဲ့ အေနအထား မဟုတ္ဘူး။ သူ  တိုဘက်က လုံး၀ အပိုင်တွက်ထားပြီးသား။ အဲဒီလိုဖြစ်တော့ ဆော့ရင်းဆော့ရင်းနဲ့ ပိုပိုရံှးလာတယ်။ ဆော့လေ ရံှးလေဖြစ်ပြီး နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ပေါင်ပြီးဆော့ရတဲ့ အေနအထားဖြစ်သွားတာ။ တချိုလူတွေကျတော့ ပါလာတဲ့ ပိုက်ဆံအပြင် ကိုယ့်ကိုယ်ကိုယ် ပေါင် ဆော့ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မရွေးနိုင်ဘူး ဖြစ်သွားတယ်။ အဲဒီလို ပြန်မရွေးနိုင်တော့တဲ့ အခြေအနေကျလို ရှိရင် စောစောက အွန်လိုင်းကျားဖျန့် လုပ်ငန်းတွေမှာ သွတ်သွင်းခံရတော့တာ။ ပြောရမယ်ဆိုရင် အွန်လိုင်း ကျားဖျန့်လုပ်ငန်းရဲ့ သားကောင်တွေ ဖြစ်သွားတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်တာကိုး။ ငါးသိန်းနဲ့ ပေါင်ထားတယ်ဆိုရင် ငါးသိန်းကျေတဲ့အထိ အဲဒီမွာ အလုပ်လုပ်ရင်း ဆပ်ရမယ်။ သူတိုကိုသူတို ရောင်းစားလိုက်တော့ ကျွန်ဖြစ်သွားကြတာပေါ့။ ဖဲရုံပိုင်ရှင်တွေ ဆီကို သူတိုက အပေါင်ခံတယ်။ ပြန်မရွေးနိုင်တော့ ဒီလူ တွေက တရုတ်စာလည်း တတ္တယ္ဆိုတဲ့အခါ ကျတော့ ကျားဖျန့်ကုမ္ပဏီနဲ့ ချိတ်လိုက်ပြီးတော့ "ငါဆီမှာတော့ ယွမ်ငါးသိန်းနဲ့ အပေါင်ခံထားတဲ့သူ တစ်ယောက်ရှိတယ်။ သူ့ကိုရွေးမှာလား၊ ရွေးမှာဆိုရင် ရွေးပြီးခေါ်သွား"ပေါ့။ အဲဒီလိုမျိုး က်ား ဖျန့်လုပ်ငန်းပိုင်ရှင် သူဌေးတွေက အဲဒီလူရဲ့ လုပ်ရည်ကိုင်ရည်ကြည့်ပြီး ပြန်၀ယ်သွားကြတာ။ အဲဒီလိုမျိုး တွေရှိတယ်။ ပြီးရင် လစာကောင်းကောင်း ပေးမယ်ဆိုပြီး ညာခေါ်ပြီး အထည့်ခံထားရတဲ့သူတွေ ရှိတယ်။ အမှန်တော့ ကျားဖျန့်လုပ်ငန်းက ကျယ်ပြန့်တယ်၊ ကာစီနိုနဲ့ ကျားဖျန့်ဆပ်စပ်မှုကလည်း တော်တော် ကြီးကို နက်နဲပါတယ်။ 

TREND ။ ။ အခုလို ရှင်းလင်းဖြေကြားပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

Total Views ~ 324

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43351

© 2022 - 2025 News. All Rights Reserved.