ပညာရေးဒီဂရီကောလိပ်များတွင် ပညာရေးနှင့်သင်ပြနည်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်မည်

ရန်ကုန်၊ ဇူလိုင် ၁၆
    မြန်မာနိုင်ငံတွင်ရှိသော ပညာရေး ဒီဂရီကောလိပ်များတွင် ပညာရေးနှင့် သင်ပြနည်း ဒီပလိုမာသင်တန်း အမှတ်စဉ် (၂)ကို အောက်တိုဘာ ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
    အဆိုပါ သင်တန်းများကို ကချင်ပြည်နယ် မြစ်ကြီးနားပညာရေးကောလိပ်၊ ကသာပညာရေးကော လိပ်၊ ကယားပြည်နယ် လွိုင်ကော်ပညာရေးကောလိပ်၊ ကရင်ပြည်နယ် ဘားအံပညာရေးကောလိပ်၊ ချင်းပြည်နယ် ဟားခါးပညာရေးကောလိပ်၊ မွန်ပြည်နယ် မော်လမြိုင်ပညာရေးကောလိပ်၊ ရခိုင်ပြည်နယ် ကျောက်ဖြူပညာရေးကောလိပ်၊ ရှမ်းပြည်နယ် တောင်ကြီးပညာရေးကောလိပ်၊ ကျိုင်းတုံပညာရေးကော လိပ်၊ လားရှိုးပညာရေးကောလိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ပညာရေးကောလိပ်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူပညာ ရေးကောလိပ်၊ ပြည်ပညာရေးကောလိပ်၊ မကွေးတိုင်းဒေသကြီး မကွေးပညာရေးကောလိပ်၊ ပခုက္ကူပညာ ရေးကောလိပ်၊ မန္တလေးတိုင်းဒေသကြီး မန္တလေးပညာ ရေးကောလိပ်၊ မိတ္ထီလာပညာရေးကောလိပ်၊ မုံရွာ ပညာရေးကောလိပ်၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးကောလိပ်၊ သင်္ဃန်းကျွန်းပညာရေးကောလိပ်၊ လှည်းကူးပညာ ရေးကောလိပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ပညာရေးကောလိပ်၊ မြောင်းမြ ပညာရေးကောလိပ်၊ ဘိုကလေးပညာရေး ကောလိပ်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
    ပညာရေးနှင့် သင်ပြနည်း ဒီပလို မာသင်တန်း (Diploma In Education and Pedagogy - Dip.EP)၏ သင်တန်း ကာလသတ်မှတ်ချက်မှာ ပထမနှစ်ဝက် သုံးလနှင့် ဒုတိယနှစ်ဝက်သုံးလ စုစုပေါင်း ခြောက်လဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက် မှတ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။သင်ကြားမည့် ဘာသာရပ်များမှာ ပညာသဘော၊ ပညာစိတ်၊ အင်္ဂလိပ်စာသင်ပြနည်း၊ မြန်မာစာသင်ပြနည်း၊ သင်္ချာသင်ပြနည်း၊ သိပ္ပံသင်ပြနည်း၊ လူမှုရေးသင်ပြနည်း၊ ပန်းချီ၊ စိုက်ပျိုးရေး၊ ICT ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ၊ ကာယပညာ၊ ဂီတနှင့် အိမ်တွင်းမှု/စက်မှုတို့ ဖြစ်သည်။ လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
    တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ အဏ္ဏဝါသိပ္ပံ၊ ကုန်ထုတ်ဓာတုဗေဒ၊ ဥပဒေ၊ Microbiology ၊ Biotechnology ၊ Biochemistry ၊ Environmental Studies? Geology ၊ Geology၊ B.A. (မြန်မာမှု)၊ B.A.(ရသ)၊ B.A. (ဂီတ)၊ B.A. (သဘင်)၊ B.A. (ပန်းချီ)၊ B.A. (ပန်းပု)၊ B.A.(Business Science) ၊ B.BSc.၊ B.Sc.(Sports)၊ Econ.(Stats)၊ B.Com.) ရရှိပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ပြင်ပဘွဲ့ရများအတွက် ၂၀၂၅ ခုနှစ် အောက်တို ဘာ ၃၁ ရက်တွင် အသက်(၃၇) နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အောက်တိုဘာ ၃၁ ရက်တွင် အသက်(၄၂)နှစ်ထက် မကြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
    သင်တန်း လျှောက်ထားသူများသည် အင်္ဂလိပ်စာနှင့် ပညာရေးဗဟုသုတ ရေးဖြေစာမေးပွဲအပြင် လူတွေ့နှုတ်ဖြေကိုလည်း သက်ဆိုင်ရာပညာရေးဒီဂရီကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ပြီး အောင်မြင်သူများစာရင်းနှင့် လူတွေ့ ဖြေဆိုရမည့်ရက်ကို သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်များ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လူတွေ့ဖြေဆို အောင်မြင်သူများသာ သင်တန်း တက်ရောက် ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းဆင်းလက်မှတ် ရရှိပြီးနောက် လက်ထောက် မူလတန်းပြအဖြစ် အနည်းဆုံး ငါးနှစ်တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက် မှတ်ရေးထိုးရမည် ဖြစ်ကာ သင်တန်းပြီးစီးအောင် မတက်ခြင်း၊ ခန့်ထားခြင်းခံရသော အခြေခံပညာကျောင်းများတွင် တာဝန်မထမ်းဆောင်ပါက သတ်မှတ်လျော်ကြေး ကျပ် ၁၀ သိန်းနှင့်အတူ ကျောင်းတက်ရောက်စဉ်ခံစားခဲ့သော လစဉ်ထောက်ပံ့ ကြေး၊ စားသောက်စရိတ်များကို ပြန်လည် ပေးလျော်ရမည်ဟု သိရသည်။ ထူးမြတ်

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47171

© 2022 - 2025 News. All Rights Reserved.