ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် တိုးတက်ဝင်ရောက်နေ

၂၀၂၃ စက်တင်ဘာ ၂၀
    ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်တိုးတက်ဝင် ရောက်လျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ပဲခူးတိုင်းဒေသကြီးသို့ ယခုလ စက်တင်ဘာလ တစ်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှစ်ခုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတစ်ခုမှ ကျပ် ၂၂၀ ဒသမ ၅သန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ၈၈၅ ဦး တိုး တက်ရရှိခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
    တိုင်းဒေသကြီးအတွင်း လယ်ယာ သုံးစက်ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်း‌များ၊ မြေသြဇာ ထုတ်လုပ်သည့် လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများပြား စွာရရှိမည့် CMP လုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်‌ကြောင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
    "ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ခိုင်မာစွာရပ်တည်နိုင်ရေးနဲ့ လုပ်ငန်းတိုးချဲ့နိုင်ရေး ဥပဒေနဲ့အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားငွေနဲ့ ဝယ်ယူနေရတဲ့ စက်မှုတည် ဆောက်ရေးလုပ် ငန်းသုံးပစ္စည်း‌တွေ ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ဖြူးပေးမယ့် ရင်းနှီးမြှုပ်နှံမှု‌တွေ ကိုလည်း ကြိုဆိုလျက်ရှိပါတယ်"ဟု ၎င်းက ပြောသည်။
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၈၈ ဒ သမ ၄၉၅ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၇၅၄၅၆ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၉၄၅၁ ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိ ရသည်။
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၁၇၉ ဒသမ ၀၉၅ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၇၅၂၃၅ ဒသမ ၇၇၅ သန်း ဝင် ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၈၅၉၆ ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀ နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၂၅ သန်း ထပ်မံလာရောက်ရင်း နှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။
    ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန် ဆောင်မှုတန်ဖိုး (GDP)မှာ နှစ်အလိုက် ဈေး နှုန်းအရ ကျပ် ၁၁၈၄၂ ဒသမ ၀၅၇ ဘီလီ ယံ အကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေး နှုန်းအရ ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်း ထားကြောင်း သိရသည်။
    ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များတွင် တိုးတက်မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၂၇ ဒသမ ၁ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း သိရသည်။
    ယခုအခါ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ် ကိုအခြေခံပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပို့ကုန်တိုး မြှင့်နိုင်ရေး MSMEs ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေးကို  ဦးစားပေးဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 216

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46270

© 2022 - 2025 News. All Rights Reserved.