နေပြည်တော်၊ သြဂုတ် ၁၃
ပြည်တွင်းမှ ထွက်ရှိသည့်ဝါများကို ဝယ်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သြဂုတ် ၁၁ ရက်က မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် စပယ်ကျေးရွာအုပ်စု ပဲ့ကိုင်ရွာ တောင်ကွင်း၌ စိုက်ပျိုးဖြစ်ထွန်းနေသည့် တောင်သူ ဦးတင်ကို၏ ဘီ ၃၁ စပ်မျိုးဝါများ စိုက်ပျိုးထားရှိမှု၊ ဝါများခူးဆွတ်နေမှုနှင့် ထွက်ရှိမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ဝါများကို ဝယ်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်ပြီးဖြစ်သလို ဝါများကို ကြိတ်ခွဲနိုင်ရေးအတွက် ဝါကြိတ်စက်များကိုလည်း အဆင်သင့် လည်ပတ်ကြိတ်ခွဲနိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ဝါဂွမ်းများမှတစ်ဆင့် ချည်မျှင်ထုတ်လုပ်ခြင်း၊ ပိတ်များရက်လုပ်ခြင်း၊ အဝတ်အ ထည်ထုတ်လုပ်ခြင်း လုပ်ငန်းများကို အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် ဈေးကွက်ခိုင်မာမှုရှိသည့် ဝါများကို စိုက်ဧကများတိုးချဲ့၍ စိုက်ပျိုးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့ရှိ အောင်ကမ္ဘာဝါအဝယ် ဒိုင်သို့သွားရောက်၍ ဝါဈေးကွက်အခြေအနေ၊ ဝယ်ယူရရှိမှု၊ ယခုနှစ်တွင်ထွက်ရှိမည့် ဝါအ ရည်အသွေး အခြေ အနေတို့ကို မေးမြန်း၍ ဝါအဝယ်ဒိုင်အတွင်း ဝါများသို လှောင်ထား ရှိမှုအခြေအနေများနှင့် ကြည့်ရှုစစ် ဆေးခဲ့ ပြီးနောက် နေပြည်တော် ဇေယျာသီရိမြို့ နယ်ရှိ ွြှူ ူငာငအနိ ၏ ဝါမျိုးစေ့များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနပြုစမ်း သပ် စိုက်ပျိုးထားသည့် ဝါစိုက်ကွင်းသို့ သွား ရောက်စစ်ဆေးခဲ့သည်။
အဆိုပါ TBL Limited ၏ ဝါစိုက်ကွင်းသို့ သွားရောက်စစ်ဆေးစဉ် စက်မှုဝန်ကြီးဌာနရှိ ချည်မျှင်စက်ရုံများတွင် ၁/၄၀ ချည်များ ထုတ်လုပ်ရန်အတွက်သာ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထား ပြီးဖြစ်သော်လည်း ယခုအခါ ၂/၈၀ ချည်များကိုလည်း ဈေးကွက်လိုအပ်ချက်များနှင့်အညီ ထုတ်လုပ် လျက်ရှိကြောင်း၊ ၂/၈၀ ချည်များ ထုတ်လုပ်ရန်အတွက် ဝါဂွမ်းများရှိ အမျှင်အရှည်များ သည် သတ်မှတ်ထားသည့် အတိုင်းအတာများ ရှိရမည်ဖြစ်ပြီး ယခုသုတေသနပြုလုပ် ပြီးထုတ်လုပ်ထားသည့် ဝါမျိုးစေ့များဖြင့် စိုက်ပျိုး၍ထွက်ရှိလာသည့် အမျှင်ရှည်သော ချည်မျှင်ရှည်ဝါ များသည် ၁/၄၀ နှင့် ၂/၈၀ ချည်များကို ထုတ်လုပ်နိုင်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ကြရန်နှင့် အောင်မြင်အောင် ကြိုးစားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆွေးနွေး ပြောကြားခဲ့သည်။
နဒီ