ပြည်သူ့လွှတ်တော်နှင့် သမ္မတနားနေဆောင်အပါအဝင် လွှတ်တော်ဝင်းအတွင်းရှိ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

ရန်ကုန်၊ ဧပြီလ ၂၃
    ပြည်သူ့လွှတ်တော်နှင့်သမ္မတ နားနေဆောင်အပါအဝင် လွှတ်တော်ဝင်းအတွင်းရှိ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လွှတ်တော်နှင့် အိမ်တော်အဆောက်အအုံများ ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။
    လက်ရှိတွင် မြို့ပြလုပ်ငန်းခုနစ်ခု၊ လျှပ်စစ်လုပ်ငန်းသုံးခု စုစုပေါင်း လုပ်ငန်း ၁၀ ခုကို လွှတ်တော်နှင့် အိမ်တော်အဆောက်အအုံများ ထိန်းသိမ်းရေးအဖွဲ့မှ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်အတွက် Lot အလိုက် အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူထားသည်။
    မြို့ပြလုပ်ငန်းခုနစ်ခုမှာ ဧည့်ခံကြို ဆိုရေးဆောင်(A-ဆောင်)ရှိ Roof Slab များ ရေလုံလုပ်ငန်း ဆောင်ရွက်ခြင်း၊ ရေးရာ ဆောင်များ (I-2, I-3, I-5) ရှိ Roof Slab များရေလုံလုပ်ငန်း ဆောင်ရွက်ခြင်း၊ ရေးရာဆောင်များ (I-6,I-10, -13) ရှိ Roof Slab များ ရေလုံလုပ်ငန်း ဆောင်ရွက်ခြင်း၊ ရေးရာ ဆောင်များ (I-14, I-15, I-16, I-19) ရှိ Roof Slab များ ရေလုံလုပ်ငန်းဆောင်ရွက်ခြင်း၊  လွှတ်တော်အဆောက်အအုံများရှိ ကြွေပြား များပြုပြင်ခြင်း၊ ပြည်သူ့လွှတ်တော် (C,F,I-1,-5,-6,l-7,1 ၁၁ဆောင်)ရှိ နံရံမှန်များ၏ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် မှန်ဆီလီကွန် ထိုးခြင်း နှင့် သမ္မတနားနေဆောင်(G-ဆောင်)၏ အပြင်နံရံများအား ဆေးသုတ်ခြင်းနှင့် Portico အတက်အဆင်း လမ်းပြုပြင်ခြင်းလုပ်ငန်း (Bellshape ခုံတုံးနံရံများ ပြုပြင်ဆေးသုတ်ခြင်းနှင့် သစ်သားမျက်နှာကြက်အရောင်တင် ခြင်းအပါအဝင်)တို့ ဖြစ်သည်။
    လျှပ်စစ်လုပ်ငန်းသုံးခုမှာ လွှတ်တော်ဝင်းအတွင်း လုံခြုံရေးအတွက် IP CCTV Camera များ တိုးချဲ့ တပ်ဆင်ခြင်း၊ လွှတ်တော်ဝင်းအတွင်း လုံခြုံရေးအတွက် တပ်ဆင်ထားသည့် Analong CCTV များ အား IP CCTV Camera စနစ်အဆင့်မြှင့်တင် မွမ်းမံခြင်း(Phase-1)နှင့် Lighting System Spare Parts များ ဝယ်ယူခြင်း တို့ဖြစ်သည်။
    အဆိုပါ လုပ်ငန်း ၁၀ ခုအတွက် တင်ဒါလျှောက်လွှာများ ဧပြီ ၂၄ ရက်မှ မေလ ၅ ရက်အထိ ရောင်းချပေးမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာ နောက်ဆုံးရက်ကို မေ လ ၉ ရက်အဖြစ် သတ်မှတ်ထား ကြောင်း တင်ဒါကော်မတီမှ အသိပေးထားသည်။

Total Views ~ 233

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46457

© 2022 - 2025 News. All Rights Reserved.